BEC-TERO TV

အမှိုက်ကား အမိုးပေါ် စီးနင်းလိုက်ပါလာသည့် ဝက်ဝံ တစ်ကောင်

04 Aug 2016     1,296 Views


ဇူလိုင် ၁၈ ရက် ၂၀၁၆ နေ့က နယူးမက္ကစီကိုဝက်ဝံတစ်ကောင်သည် အမှိုက်ကားတစ်စင်း၏ ခေါင်မိုးပေါ် ချိပ်ပါခဲ့ပြီး ၅ မိုင်ကျော်ကျော် စီးနင်းလိုက်ပါလာခဲ့ပါတယ်။
Santa Fe အမျိုးသားသစ်တောဌါနမှ ပြောရေးဆိုခွင့်ရှိသူ ဂျုလီအန်းအိုဗာတင်က −

“အမှိုက်ကားဆရာက အမှိုက်တွေကို မတင်လိုက်တဲ့ အချိန်မှာ စူးစူးဝါးဝါး အော်သံကြားလို့ ကြည့်လိုက်တဲ့အခါမှာ ထရပ်ကားအမိုးပေါ်မှာ ဝက်ဝံတစ်ကောင်ပါလာတာတွေ့လိုက်ရတာပဲ”

အဆိုပါနေရာဟာ သစ်တောထိန်းသိမ်းရေး မီးသတ်ယာဉ်၊ ရဟတ်ယာဉ်တွေ ထားရှိတဲ့အနားမှာဖြစ်လို့ အလုပ်သမားတွေက အထူးအဆန်းတစ်ခုလို ဝိုင်းကြည့်နေခဲ့ကြပြီး သူတို့ထဲကမှ ဟယ်လီကော်ပတာ အင်ဂျင်နီယာ အီဗန်ဝဲ့ရှ် က ဓါတ်ပုံဖြင့် အမိအရရိုက်ကူးမှတ်တမ်း တင်ထားခဲ့ပါတယ်။

အဲသည်နောက်မှာတော့ ထရပ်ကားဆရာကို သစ်ပင်တွေအနီးနား မောင်းသွားခိုင်းလိုက်ပါတယ်။ ဝက်ဝံဟာ သစ်ပင်ပေါ်ကို ကူးသွားပြီးနောက် သစ်ပင်ပေါ်မှာ တစ်နာရီ နှစ်နာရီ နီးပါး ကြာအောင် အော်ဟစ်နေခဲ့ပြီးမှ အောက်ဆင်း ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။

Ref: yahoo


 


04 Aug 2016     1,296 Views




RELATED

Most Popular of International News

Most Popular of NEWS