BEC-TERO TV

ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အထိမ်းအမှတ် ထူးအိမ်သင် သီချင်းပေါင်းချုပ် စာအုပ် ဖြန့်ချိမည်

04 Aug 2016     1,688 Views


နိုင်ငံကျော်တေးသံရှင် ထူးအိမ်သင်ကွယ်လွန်ခဲ့တာ ၁၂ နှစ်တာကာလရှိခဲ့ပြီဖြစ်လို့ အထိမ်းအမှတ်တစ်ခု အနေနှင့် ထူးအိမ်သင်သီချင်ပေါင်းချုပ်စာအုပ်ကို စိတ်ကူးချိုချို စာအုပ်တိုက်မှ သြဂုတ်လ ၅ ရက်နေ့တွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သီချင်းအပုဒ်ရေ ၄၀၀ ကျော်ပါဝင်မည့် အဆိုပါ သီချင်းပေါင်းချုပ်စာအုပ်ကို စီစဉ်နိုင်ဖို့ နှစ်နှစ်ခန့် အချိန်ယူခဲ့ရပုံကို စိတ်ကူးချိုချိုစာအုပ်တိုက်မှ အယ်ဒီတာအဖွဲ့ဝင် ဦးကျော်စိုးဝင်း (ကြည်လင်အေး)က အောက်ပါအတိုင်း ပြောသည်။

“သူဆုံးကတည်းက ဒီစာအုပ်ကို တေးပေါင်းချုပ်အဖြစ်ထုတ်ရင်ကောင်းမယ်ဆိုပြီး စီစဉ်ခဲ့တာပါ။ ထင်ရှားတဲ့ အ နုပညာရှင်တွေကွယ်လွန်ရင် သူတို့လက်ရာကို ဘယ်သူမှမစုနိုင်ဘူး။ အခု ဒီသီချင်းပေါင်းချုပ်ကိုလုပ်မယ်ဆို တော့ မိသားစုဆီမှာတောင် သီချင်းအစုံမရှိဘူး။ သူကိုချစ်တဲ့သူတွေက ဝိုင်းစုပေးတာ။ သူတို့က လာဖြည့်ပေး တာပါ။”

ထူးအိမ်သင်၏ ဇနီးဖြစ်သူ မသွယ်သွယ်ထွေးက -

“တတ်နိုင်သမျှ သူရဲ့သီချင်းတွေကိုစုစည်းပြီးလုပ်ပေးနိုင်လို့ ဝမ်းသာပါတယ်။ အခုက သီချင်းစာသားလေးတွေပါ ပဲ။ ဒီမှာပါဝင်ထားတဲ့သီချင်းတွေက သူတစ်ကိုယ်တော်ခွေထွက်ထားတဲ့ ၁၄ ခွေထဲကသီချင်းတွေရယ်၊ အခြား အတွဲခွေထဲကသီချင်းတွေ ပါဝင်ထားပါတယ်။ ဒီထဲမှာ သူရဲ့သီချင်း အကုန်တော့မပါဘူးပေါ့။”

ထူးအိမ်သင်ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် သီချင်းပေါင်းချုပ်ကို သြဂုတ် ၅ ရက်မှ ၁၇ ရက်အထိ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း ဓမ္မာရုံတွင်ကျင်းပမည့် စိတ်ကူးချိုချိုစာအုပ်တိုက်၏ ၁၇ နှစ်ပြည့် ဈေးရောင်းပွဲတော်တွင် ငွေကျပ် ၅၅၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဂီတမြတ်နိုးသူ ပရိဿတ်များအတွက် သတင်းကောင်းပါးလိုက်ပါတယ်။

Credit : ရတနာပုံသတင်းစာ
Photos : အင်တာနက်
 


04 Aug 2016     1,688 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS