BEC-TERO TV

ကျောက်ဆောင်ပေါ်ကနေပြုတ်ကျခါနီး ရည်းစားကို ကောင်လေးက ဘယ်လိုတုံ့ပြန်ခဲ့သလဲ ဆိုတာ ( Short Video )

04 Aug 2016     1,310 Views


မြင့်မားတဲ့ ကျောက်ဆောင်ပေါ်ကနေ လှပတဲ့ ပင်လယ်ရေထဲကို တစ်ယောက်တစ်လှည့် ခုန်ချဖို့လုပ်နေတဲ့ အချိန်မှာ ကောင်မလေးက ခြေချော်ပြီး မပြုတ်ကျခင် ကောင်လေးကို လှမ်းဆွဲလိုက်တဲ့ အချိန်မှာ ကောင်လေးရဲ့ တုံ့ပြန်မှုကတော့ အံ့သြဖွယ်ပါပဲ ။ 

 
သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အားလပ်ရက်အပန်းအဖြေအချိန်မှာ စုံတွဲတွေ အတွက်တော့ တကယ့်ကို ကြည်နူးစရာကောင်းလှပါတယ် ။ ဒါပေမယ့် ဒီကောင်လေးအတွက်ကတော့ မေ့မရနိုင်တဲ့ အားလပ်ရက်တစ်ရက် ဖြစ်သွားနိုင်ပါတယ် ။ 
 
စုံတွဲ တစ်တွဲဟာ တော်တော်လေးကို မြင့်တဲ့ ကျောက်ဆောင်ပေါ်တက်ပြီးနောက် ကျောက်ဆောင်ပေါ်ကနေ ပင်လယ်ပြင်ထဲကို တစ်ယောက်တစ်လှည့် ခုန်ချဖို့ ပြုလုပ်နေတဲ့ အချိန်မှာ အခုလို အမှတ်တမဲ့ ဖြစ်ပျက်သွားခဲ့တာပါ ။ 
 
ကောင်မလေးဟာ အရင်ဆုံးခုန်ချဖို့အတွက် ကျောက်ဆောင်မှာ မတ်တပ်ရပ်နေတုန်း အမှတ်တမဲ့ ခြေချော်သွားလို့ ပြုတ်ကျခါနီး ထိုင်နေတဲ့ သူရဲ့ကောင်လေး ခြေထောက်ကို အကူအညီ နဲ့ လှမ်းဆွဲခဲ့ပါတယ် ။
 
ကောင်လေးအနေနဲ့ ကောင်မလေးကို အပြည့်အဝ အကူအညီ ပေးရမယ့်အစား ကောင်မလေး လှမ်းဆွဲတဲ့ သူရဲ့ ခြေထောက်ကို ပယ်ရှားခဲ့တာကြောင့် ကောင်မလေးက ကျောက်ဆောင်ပေါ်ကနေ ပြုတ်ကျခဲ့တာကို မြင်တွေ့ရမှာပါ ။ 
 
ကောင်လေးက တကယ်ပဲ အမှတ်တမဲ့မို့လို့ အခုလို တုံ့ပြန်ခဲ့တာလား ဒါမှမဟုတ် တမင်သက်သက် ပြုလုပ်ခဲ့တာလား က တော့ ကာယကံရှင် ကိုယ်တိုင်ပဲ သိမှာပါ ။ 
 

04 Aug 2016     1,310 Views




RELATED

Most Popular of International News

Most Popular of NEWS