BEC-TERO TV

သြဂုတ်လကုန်မှာ စုံတွဲဖျော်ဖြေပွဲလုပ်မယ့် စည်သူလွင်နဲ့ တင်ဇာမော်

04 Aug 2016     1,465 Views


ဂီတသက်တန်း အတူတူ၂၁ နှစ်မှာ စည်သူလွင်နဲ့ တင်ဇာမော်တို့ ဟာ Duet ပွဲအတူတူ မလုပ်ဖြစ်ခဲ့တာကြောင့်လဲ အမှတ်တရ အနေနဲ့ စီစဉ်ဖြစ်ခဲ့တာ ဖြစ်ပါတယ် ။

လက်တလော သီချင်းတွေ ကိုရွေးချယ်နေပြီး ၁၀ ရက်နေ့မှာ သီချင်းစတိုက်မှာဖြစ်ပါတယ်။ ဖျော်ဖြေပွဲမှာတော့ သီချင်းစုစုပေါင်း ၃၀ ခန့်ဖော်ဖြေသွားမှာဖြစ်ပြီး စုံတွဲ အနေနဲ့ ၄ ပုဒ်လောက် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ် ။

လက်မှတ်တွေကိုတော့ ၁၇ ရက်နေ့မျာ စတင်ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ် ။

ဒီနှစ်ထဲမှာတော့ တစ်ကိုယ်တော်ပွဲ လုပ်ဖို့ အစီအစဉ် မရှိသေးပေမယ့် တစ်ကိုယ်တော် အခွေသစ် တစ်ခွေ ထွက်နိုင်အောင် ကြိုးစားနေတယ်လို့လဲ စည်သူလွင်က ပြောကြားသွား ခဲ့ပါတယ် ။

Credit:7Daily 


04 Aug 2016     1,465 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment