BEC-TERO TV

ရန်ပုံငွေရှာပေးဖို့ ဘောလုံးကန်မယ့် ပိုင်ဖြိုးသု

04 Aug 2016     1,431 Views


ဩဂုတ် ၇ ရက်တွင်မန္တလေးမြို့ ဗထူးကွင်းမှာ ပြုလုပ်မယ့် အထက်မြန်မာပြည် ဗီဒီ ယိုအခြေခံအဖွဲ့ ရန်ပုံငွေရှာဖွေ မှုအဖြစ် အနုပညာရှင် များ ပါဝင်ယှဉ်ပြိုင်ကစားမည့် ဘောလုံးပွဲမှာပါဝင်မှာ ဖြစ်ပါတယ် ။

အန်ကယ်လေး (လူမင်း) ၊ ပြေတီဦး ၊ ကိုထွန်းထွန်း၊ မင်း မော်ကွန်း၊ မိုးယံဇွန်တို့လည်း ပါဝင်မှာ ဖြစ်ပြီး မိန်းကလေးထဲကဆို ညီမတို့ပျိုးခင်း (၂)က သုံးယောက်စလုံး မအေးမြတ်သူတို့၊ ခင် ဝင့်ဝါ ၊ ရွှေသမီးရော၊ ရတနာ ဗိုလ် နဲ့ အခြားအနုပညာရှင်တွေလဲ ပါဝင်မှာ ဖြစ်ပါတယ် ။

အရောင်အနေနဲ့ အဖြူနဲ့ အနီ အရောင်ခွဲ ကန်မှာ ဖြစ်ပြီး ယောက်င်္ကျားလေး မိန်းခလေးတွေကို တွဲ ထားပေးမှာ ဖြစ်ပါတယ် ။ ဘောလုံးအားကစားနှင့် ပတ်သက်၍ အတွေ့အကြုံမရှိ ပေမယ့်လည်း ပရိသတ်များအတွက် ဖျော်ဖြေရေးအဖြစ် ပါဝင်တာဖြစ်တယ်လို့ လဲ ပြော သွားခဲ့ပါတယ် ။

Credit:7daily


04 Aug 2016     1,431 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment