BEC-TERO TV

ရဲဟုပြောပြီး အုပ်စုဖွဲ့မုဒိမ်းမှု ကျူးလွန်ခဲ့သူများကို ညတွင်းချင်းဖမ်းမိ

04 Aug 2016     1,837 Views


ကလေးမြို့မှာသြဂုတ် ၃ရက်နေ့ ည ၁၁ နာရီခွဲတွင် ရဲလို့ပြောပြီး အုပ်စုဖွဲ့မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ လူငယ်တွေကို ညတွင်းချင်းဖမ်းဆီးမိခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။ အဲဒီနေ့ ညက ဗိုလ်ချုပ်လမ်းပေါ် တာဟန်းရပ်ကွက်မှာ သမီးရည်းစားနှစ်ယောက် စကားပြောနေတုန်း အဲဒီလူငယ်အဖွဲ့ရောက်လာပြီး ရဲတွေလို့ပြောတယ် စခန်းလိုက်ခဲ့ရမယ် မလိုက်ရင်ပိုက်ဆံပေးရမယ်လို့တောင်းတယ်ပါတယ်။သုံးသောင်းပေးမယ်ပြောတော့ နည်းတယ်ဆိုပြီး ကောင်းလေးကိုပြေးခိုင်းပြီး ကောင်မလေးကိုအတင်းခေါ်ဆောင်ပြီး အဓမ္မမှုပြုဖြစ်ပွားခဲ့ပါတယ်။ကောင်းလေး စခန်းလာတိုင်ချိန်မှာ ချက်ခြင်းပဲရှာဖွေ ဖမ်းဆီးခဲ့တယ်လို့ နယ်ထိန်း ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ် ပြောပါတယ်။

အဲဒီလူငယ်အုပ်စုက ကောင်းမလေးကို ကလေးအနောက်ဘက် ဒိုးဝိုင်းချောင်းကို ဆိုင်ကယ်နဲ့ခေါ်ဆောင်ပြီးသုသာန်အဟောင်းနားမှာ အဓမ္မပြုကျင့်ခဲ့ပါတယ်။အဲဒီနေရာကိုသွားရောက်ဖမ်းဆီးချိန်မှာ ရွှံ့နွံ့တွေနဲ့ လုံးထွေးပြီးဖမ်းဆီးခဲ့ရတဲ့လို့ ရဲတပ်ဝင်တစ်ဦးက ပြောပြပါတယ်။ အဓမ္မပြုခံရတဲ့ အမျိုးသမီးကိုယ်တိုင် တရားလိုပြုကာ လူငယ် ၅ဦး ဖြစ်တဲ့ ပြည်စုံအောင်၊ အာကာစိုး၊ ဟိန်းထက်နိုင်၊ အောင်ကျော်ဟိန်း(ခ)ကိုရင်ကြီး နဲ့ ဆင်ပေါက်(ခ)လင်းထက်အောင်တို့ကို ဥပဒေပုင်္ဒမ(၅)ခုနဲ့ အမှုဖွင့်တိုင်ကြားထားတယ်လို့သိရပါတယ်။

Source : burmese.dvb.no/


04 Aug 2016     1,837 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS