BEC-TERO TV

အိုင်အက်စ် အကြမ်းဖက် အဖွဲ့အစီး ရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်

04 Aug 2016     1,269 Views


- ယခုလဆန်းပိုင်းတွင် အိုက်အက်စ် အဖွဲ့မှ မလေးရှားနိုင်ငံသို့ အကြမ်းဖက်မည့် ခြိမ်းခြောက်စာပေးပို့
- မလေးရှားဝန်ကြီးချုပ် အပါဝင် အစိုးရ ထိပ်တန်းအရာအရှိ အချို့ကိုပစ်မှတ်ထား တိုက်ခိုက်မည် 
- အိုက်အက်စ် အကြမ်းဖက်အဖွဲ့အစီး ရဲ့ ခြိမ်းခြောက်စာထဲတွင် ဒေါ်အောင်ဆန်းစုကြည် နာမည် ပါဝင်နေ
- ဒေါ်အောင်ဆန်းစုကြည်၏ မလေးရှားခရီးစဉ် နှင့် ပါတ်သတ်ပြီး မသေချာမှုများဖြစ်ပေါ်
 
သြဂုတ်လ ၁ ရက်နေ့တွင် မလေးရှားနိုင်ငံ အစိုးရထံ လိပ်မူ ပြီး အိုက်အက်စ် အကြမ်းဖက် အဖွဲ့မှ ခြိမ်းခြောက်စာပေးပို့ခဲ့ရာ စာအတွင်း မှာ ဒေါ်အောင်ဆန်းစုကြည် ၏ နာမည် ပါဝင်နေကြောင်း The Sun သတင်းစာမှ ဖော်ပြခဲ့ပါတယ် ။ 
 
လက်ရှိအချိန်တွင် လုံခြုံရေးများကို သာမန်ထက် ပို၍ တိုးမြင့်ထားကြောင်းကို နိုင်ငံတော် သမ္မတရုံးမှ ပြောဆိုခွင့်ရှိသူ ဦးဇော်ဌေးမှာ ပြောကြားခဲ့ပါတယ် ။ 
 
ဒေါ်အောင်ဆန်းစုကြည် ၏ မလေးရှားနိုင်ငံ ခရီးစဉ်မှာလည်း မသေချာမှုများရှိနေပြီး မလေးရှားနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ရန်မသင့်တော်ကြောင်း လူမှုကွန်ယက်များတွင်လည်းပျံ့နှံ့နေပါတယ် ။
 
သို့သော် ယခုအကြောင်းအရာမှာ သတင်း ပုံစံသာ ရှိသေးပြီး မလေးရှား အစိုးရ မှ တရားဝင် ဆက်သွယ်ကာ ပြောကြားသတိပေးမှုများမရှိသေးကြောင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ 
 

04 Aug 2016     1,269 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS