BEC-TERO TV

ခရိးသည် ရာနဲ့ချီ တင်ဆောင်လာတဲ့ Emirates Flight 521 ဆင်းသက်စဉ် မီးလောင်

05 Aug 2016     1,250 Views


Emirates လေကြောင်းလိုင်းမှ Boeing 777 လေယာဉ်တစ်စင်း ဒူဘိုင်းလေဆိပ်သို့ ဆင်းသက်ရာတွင် မီလောင်ပြီး ပျက်ကျခါနီးအနေအထား ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့။

ခရီးသည် ၃၀၀ တင်ဆောင်၍ အိန္ဒိယနိုင်ငံမှ ပျံသန်းခဲ့သော Emirates Flight 512, Boeing Co.777-300 သည် ဒူဘိုင်းလေဆိပ်သို့ ဆင်းသက်ခါနီး အဆင်းဂီယာချို့ယွင်းမှုကြောင့် ပုံမှန်အတိုင်း မဆင်းသက်နိုင်ခဲ့ပဲ လေယာဉ်ပြေးလမ်းနဲ့ ပွတ်ဆွဲမိကာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ သို့သော် ကံကောင်းထောက်မစွာဖြင့် လေယာဉ်ပေါ် ပါလာကြသူ ခရီးသည် ၂၈၂ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၈ ဦး တို့အားလုံး အသက်ဘေးမှလွတ်မြောက်ခဲ့ကြပါတယ်။ လူ ၁၃ ဦးသာ ဆေးရုံတက်ခဲ့ရပြီး ကျန်လူများမှာ ဒဏ်ရာအသေးအဖွဲလောက်သာ ရခဲ့ကြပါတယ်လို့ Emirated လေကြောင်းလိုင်း အကြီးအကဲတစ်ဦးဖြစ်သူ Sheikh Ahmed က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လေယာဉ်မီးလောင်မှုကို ငြိမ်းသတ်ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာ့လေယာဉ် အတက်အဆင်းအများဆုံး ဒူဘိုင်းလေဆိပ်ကို ငါးနာရီခွဲခန့်ကြာ ခတ္တပိတ်ထားခဲ့ရပြီး မီးသတ်သမားတစ်ဦးကတော့ လူတွေကိုကယ်ထုတ်ရင်း အသက်ဆုံးရှုံးခဲ့ပါတယ်။

Emirates လေကြောင်းလိုင်းဟာ ၁၉၉၆ ခုနှစ် ကတည်းက Boeing 777 လေယာဉ်အမျိုးအစားတွေနဲ့ ကမ္ဘာတစ်ဝှမ်းကိုပြေးဆွဲနေခဲ့သော အကြီးဆုံးလေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး ယခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟာ ၃၁ နှစ်တာ ကုမ္ပဏီသမိုင်းမှာ အဆိုးရွားဆုံးအဖြစ်အပျက်ပါ။ လေယာဉ်မှုးဟာလည်း Emirates နဲ့ ပျံသန်းနာရီ ၇,၀၀၀ ကျော်ရှိသော ဝါရင့်တစ်ဦးဖြစ်ပြီး၊ လေယာဉ်ကိုလည်း လိုအပ်တဲ့စစ်ဆေးမှုတွေ အားလုံးပြုလုပ်ပြီးမှ အိန္ဒိယကနေ ပျံသန်းထွက်ခွာလာခဲ့တာလို့ Sheikh Ahmed က ဆိုပါတယ်။

ယခုဆိုရင် အာဏာပိုင်တွေက လေယာဉ်အပျက်အစီးတွေကြားကနေ သက်သေအထောက်အထားဖြစ်မယ့် Black box တွေကို သိမ်းယူထားလိုက်ပြီး မြို့တော်အဘူဒါဘီ ကို ပို့ဆောင် စစ်ဆေး အဖြေရှာတော့မှာဖြစ်ပါတယ်။
 


05 Aug 2016     1,250 Views




RELATED

Most Popular of International News

Most Popular of NEWS