BEC-TERO TV

ရူးနီရဲ့ အိမ်ကို ဝင်ခိုးတဲ့ သူခိုးကို ရဲတွေဝိုင်းဖမ်း

05 Aug 2016     1,321 Views


အင်္ဂလန်နိုင်ငံ နှင့် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဝိန်းရူနီ လေ့ကျင့်ကွင်းတွင် သွားရောက်ကစားနေချိန် ၌ မျက်နှာဖုံး ဝတ်ထားတဲ့ သူခိုးတစ်ယောက် ဟာ သူရဲ့ ယူရို သန်း ၆၀ တန် အိမ်ကြီးထဲကို ဝင်ရောက်ခိုးဖို့ ကြိုးစားခဲ့ကြောင်းကို The Sun သတင်းစာမှာဖော်ပြခဲ့ပါတယ် ။ 
 
ရူနီ အပြင်ရောက်စဉ်ခိုက်မှာ အိမ်မှာတော့ သူရဲ့ ဇနီး နဲ့ သားသမီး (၃) ယောက်ရှိနေတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။ 
 
ဒါပေမယ့် ရူနီအိမ်ရဲ့ လုံခြုံရေး စနစ်ဟာ သူခိုးကျူးကျော်တဲ့ အချိန်ချက်ချင်း အချက်ပြနိုင်ခဲ့တာကြောင့် ရဲတွေဟာ မှုခင်းဖြစ်ပွားတဲ့ နေရာကို အချိန်မှီ ရောက်လာခဲ့ပြီး အမိအရ ဖမ်းဆီးနိုင်ခဲ့ပါတယ် ။ 
 
လုံခြုံရေး စနစ်ရဲက အချက်ပေးမှု တွေစတင် တာနဲ့ အတူ လုံခြုံရေးရဲတွေဟာ မိနစ်ပိုင်းအတွင်း မှာ ရူနီအိမ်ကို အဖက်ဖက်မှာ ဝန်းရံထားနိုင်ခဲ့ကြောင်း အိမ်နီးချင်းများကပြောပါတယ် ။ 
 
ရဲတွေဟာ ဟယ်လီကော်ပတာ တစ်ဆင်း ၊ ကင်းထောက်ရဲကား (၃) စီး နှင့် အတူ ရဲခွေများစွာကို အသုံးပြုပြီး အပိုင်အနိုင် ဖမ်းဆီးခဲ့ကြောင်းလဲ သိရပါတယ် ။ 
 
Action ဇာတ်လမ်းတွေ ထဲကလိုပဲ ရဲ တွေဟာ သူခိုးကို နည်းစနစ်ကျကျ ဖမ်းယူနိုင်ခဲ့တာလို့ မျက်မြင်သူ အချို့ကဆိုထားပါတယ် ။ 
 
" ကျွန်တော်အတွက် တကယ့်ကို ထိတ်လန့်စရာ သတင်းပါပဲလို့ " ရူနီက ပြောကြားခဲ့သလို အိမ်နီး နားချင်းတွေက " ရူနီရဲ့ အိမ်တွင်း လုံခြုံ အရမ်းပဲကောင်းမွန်လို့ သူအပြင်သွားနေတဲ့ အချိန်မှာ အခုလို ဖြစ်သွားပေမယ့် သူရဲ့ မိသားစု
ဟာ အန္တရာယ် ဘာမှမဖြစ်ခဲ့တာပါ " လို့ပြောကြားခဲ့ပါတယ် ။ 

05 Aug 2016     1,321 Views




RELATED

Most Popular of International News

Most Popular of NEWS