BEC-TERO TV

အမျိုးသမီးငယ် တစ်ဦးရဲ့ ဖုန်းဟာ ဘောင်းဘီ အိတ်ကပ်အတွင်းထည့်ထာ ရာမှ မီးလောင်ခဲ့တဲ့

05 Aug 2016     1,298 Views


အမျိုးသမီးငယ် တစ်ဦးရဲ့ ဖုန်းဟာ ဘောင်းဘီ အိတ်ကပ်အတွင်းထည့်ထာ ရာမှ မီးလောင်ခဲ့တဲ့ အဖြစ်ဟာ ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ် ။ အဆိုပါ အမျိုးသမီးရဲ့ ပြောဆိုချက်အရ သူမရဲ့ ဖုန်းကို ဂျင်းဘောင်းဘီ အိတ်ကပ်အတွင်း ထည့်ထားရာမှ message ဝင်လာတဲ့အချိန်မှာ ဖုန်းဟာ လောင်းကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဖုန်းမှ တဆင့် သူမရဲ့ ဘောင်းဘီကို မီးဆက်လောင်ခဲ့ကြောင်း သိရပါတယ် ။

ဘောင်းဘီကိုလောင်ကျွမ်းနေတဲ့ ဖုန်းကို သူမရဲ့ အိတ်ထဲမှ ထုတ်ယူနိုင်ခဲ့ပေမယ့်လည်း သူရဲ့လက်ကတော့ မီးလောင်ကျွမ်းခဲ့တာကို တွေ့ရပါတယ် ။ အခုလို ရာသီဥတုပြင်းထန်ချိန်တွေမှာ ဖုန်းတွေ ခဏခဏ လောင်ကျွမ်းမှုတွေကို မြင်တွေ့နေရတာကြောင့် တတ်နိုင်ရင် ဖုန်းကို အသုံးမပြုတဲ့ အချိန်မှာ ကိုယ်ခန္ဓာနဲ့ ပူးကပ်မထားသင့်တာ ကို သတိထားရမှာ ဖြစ်ပါတယ် ။

Soure : saw


05 Aug 2016     1,298 Views




RELATED

Most Popular of Special or Others

Most Popular of NEWS