BEC-TERO TV

၂၀၁၆ ခုနှစ်အတွင်း လေယာဉ်မတော်တဆ ပျက်ကျမှုများ

08 Aug 2016     1,264 Views


ဇန်န၀ါရီ ၈ – ဆွီဒင်အခြေစိုက် West Air Sweden Flight 294 ဟာ အာကယော်ရေ လှောင်တမံအနီးမှာ CRJ 200 ကုန်တင်သင်္ဘောတစင်းပေါ် ပျက်ကျခဲ့ပြီး နှစ်ဘက်ယာဉ် ပေါ်ပါ အမှုထမ်းတွေအားလုံး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂ – အဲဘတ်စ် A321 အမျိုးအစား Daaollo လေကြောင်းလိုင်းမှ Flight 159 လေယာဉ်ဟာ ဆိုမာလီယာနိုင်ငံ၊ အေဒင်အက်ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာပျံသန်းစဉ်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အ သေခံဗုံးဖောက်ခွဲမှုတရားခံတဦးကတော့ လေယာဉ်ပေါ်မှ ခုန်ချ သေဆုံးသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ – Tara Air Flight 193 လေယာဉ်တစီးဟာ မုန်တိုင်းကြားမှာ ပျံသန်းစဉ်မှာ နီပေါနိုင်ငံ၊ မိုင်ဒီးခရိုင်၊ ဒေနာဒေသမှ တောင်စောင်းတခုပေါ် ပျက်ကျခဲ့ပြီး လေ ယာဉ်ပေါ်ပါ လူ ၂၃ ဦးသေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ – နီပေါနိုင်ငံမှာAir Kasthamandap PAC 750XL လေယာဉ်ဟာ ဆင်း သက်ချိန်မှာ မတော်တဆပျက်ကျခဲ့ပြီး လေယာဉ်အမှုထမ်း ၂ ဦးသေဆုံးပြီး ခရီးသည် ၉ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မတ် ၁၉ – ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစား Flydubai Flight 981 လေယာဉ်တစီးဟာ ရုရှားနိုင်ငံ၊ ရော့စတော့ဗွန်ဒွန်လေဆိပ်ဆီ ဆင်းသက်ချိန်မှာ ရာသီဥတုဆိုးဝါးမှုကြောင့် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူ ၆၂ ဦးလုံး သေဆုံးခဲ့ပါတယ်။

မတ် ၂၉ – အဲဘတ်စ် A320 အမျိုးအစား အီဂျစ်အဲ Flight 181 လေယာဉ်တစီးဟာ ပျံ သန်းနေစဉ်မှာ ပြန်ပေးဆွဲခံခဲ့ရပြီး ဆိုက်ပရပ်စ်နိုင်ငံ၊ လန်နာကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ ခေါ်ဆောင်သွားခံခဲ့ရပြီးနောက်မှာမှ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဧပြီ ၄ – ဂျကာတာနိုင်ငံ၊ ပါဒနာ ကပ်ဆမာလေဆိပ်မှာ ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစား Batik Air Flight 7703 လေယာဉ်ဟာ ATR 42 လေယာဉ်တစီးနဲ့ ပြေးလမ်းပေါ်မှာ တိုက်မိခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

ဧပြီ ၁၃ – Sunbird လေကြောင်းလိုင်းပိုင် လေယာဉ်တစီးဟာ ပါပူအာ နယူးဂီနီနိုင်ငံ၊ ကီ အန်ဂါဆိပ်ကမ်းမြို့ဆီ ဆင်းသက်ချိန်မှာ လေယာဉ်ပြေးလမ်းပေါ်ပျက်ကျခဲ့ပြီး လေယာဉ် ပေါ်ပါသူ ၁၂ ဦးလုံး သေဆုံးခဲ့ပါတယ်။

ဧပြီ ၂၉ – EC225L Super Puma ရဟတ်ယာဉ်ငယ်တစီးဟာ နော်ဝေနိုင်ငံ၊ တူရေးကျွန်း ဆီ ဆင်းသက်ချိန်မှာ မတော်တဆပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၁၃ ဦးနဲ့ အမှုထမ်းတဦး သေဆုံးခဲ့ပါတယ်။

မေ ၁၈ – Silk Way လေကြောင်းလိုင်းပိုင် Antonov An-12 လေယာဉ်တစီးဟာ အာဖ ဂန်နစ္စတန်နိုင်ငံတောင်ပိုင်းမှာ လေယာဉ်စက်ပိုင်းချို့ယွင်းမှုတခုဖြစ်ပြီး ပျက်ကျခဲ့လို့ ၇ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မေ ၁၉ – အဲဘတ်စ် A320 အမျိုးအစား အီဂျစ်အဲ Flight 804 လေယာဉ်တစီးဟာ မက်ဒီ တာရေးနီးယန်းပင်လယ်အရှေ့ပိုင်း မြေထဲပင်လယ်ထဲကို ပျက်ကျသွားခဲ့ပြီး ခရီးသည် စုစုပေါင်း ၅၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၀ ဦးကို သေဆုံးသွားခဲ့ပြီလို့ ယူဆနေကြပါ တယ်။

Credit : burmese.dvb.no/


08 Aug 2016     1,264 Views




RELATED

Most Popular of International News

Most Popular of NEWS