ပိုက်ဆံအိတ်ပြုတ်ကျပြီး သံလမ်းမှာညှပ်နေတာကြောင့် Disney ရိုလာကိုစတာကြီး ရပ်တန့်သွားခဲ့
08 Aug 2016 1,689 Views

ဒီနှစ်နွေရာသီမှာထပ်ပိတ်ခဲ့ရတဲ့ Disney California Adventure ကစားကွင်းမှ ရိုလာကိုစတာဟာ သုံးကြိမ်မြောက်ပိတ်ခဲ့ရပါတယ်။အမျိုးသမီးတစ်ဦးဟာ ရိုလာကိုစတာကိုစီးနင်းရင်း ပိုက်ဆံအိတ်ထွက်ကျခဲ့ပြီး လမ်းကြောင်းပေါ်မှာညပ်နေခဲ့သောကြောင့် ရိုလာကိုစတာကြီးဟာ လမ်းတစ်ဝက်မှာရပ်တန့်သွားခဲ့ပါတယ်။နောက်ဆုံးမှာ ကယ်ဆယ်ရေးသမားတွေရောက်ရှိလာပြီး စီးနင်းလိုက်ပါလာသူ ၁၅ဦး နှင့်ပိတ်နေ့ခဲ့သူများကိုကယ်တင်ပေးခဲ့ကြပါတယ်။

အမြင့် ပေ ၃၀ အထက်မှာကယ်တင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဒီရိုလာကိုစတာကြီးကို မေလတုန်းကလည်း ပိတ်သိမ်းထားခဲ့ရပါသေးတယ်။ ဘာလို့လည်းဆိုတော့ စီးနင်းလိုက်ပါသူတစ်ဦးက ရိုလာကိုစတာစီးနေရင်း Selfie Stick ကို အသုံးပြုကာ ဓါတ်ပုံရိုက်ဖို့ ကြိုးစားခဲ့တာကြောင့် ဖြစ်ပါတယ်။
Soure : knowledge.thithtoolwin






