BEC-TERO TV

ဂျပန်အကြီးဆုံး ဖက်ရှင်ရှိုးပွဲမှာ ဖျော်ဖြေမယ့် CL

08 Aug 2016     1,253 Views


တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ 2NE1 အဖွဲ့ဝင် CL ဟာ ဂျပန်နိုင်ငံ၏ အကြီးဆုံး ဖက်ရှင်ရှိုးပွဲ “Tokyo Girls’ Collection 2016 Autumn / Winter” တွင် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း အေဂျင်စီဖြစ်တဲ့ YG အင်တာတိန်းမန့်က ပြောကြားခဲ့ပါ သည်။

၂၃ ကြိမ်မြောက် “Tokyo Girls’ Collection 2016 Autumn / Winter” ကို ဂျပန်နိုင်ငံရှိ Saitama အားကစားကွင်း၌ စက်တင်ဘာလ ၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ် ။

လက်ရှိအချိန်မှာ ဂျက်စတင်ဘီဘာနှင့် အရီနာဂရေ့ဒ်တို့ကို တာဝန်ယူလုပ်ဆောင်ပေးနေသော စကူတာဘရန်နှင့် အမေရိကတွင် ပွဲဦးထွက် ဖျော်ဖြေပွဲလုပ်ဆောင်ရန် ပြင်ဆင်လျက် ရှိပြီး CL ၏ တေးသီချင်း “Hello Bitches” သည် ကမ္ဘာလုံးဆိုင်ရာ တေးသီချင်းနားဆင်မှု ၀က်ဆိုဒ် Spotify တွင် နံပါတ်တစ်နေရာတွင် ရပ်တည်ခဲ့ပြီး CL သည် လွှမ်းမိုးမှုအရှိဆုံးလူ ၁၀၀ စာရင်း “Time 100” အတွက် ရွေးချယ်ခံထားရသူ ဖြစ်လာသည့် ပထမဆုံး ကိုရီးယားအမျိုးသမီး အဆိုတော်ဖြစ်ကြောင်း အမရိကန် အပတ်စဉ်ထုတ် Time မဂ္ဂဇင်းက ထုတ်ပြန်သည်။

CL သည် များပြားလှသော ပြည်ပနိုင်ငံများသို့ သွားရောက် ဖျော်ဖြေမှုများမှတစ်ဆင့် တစ်ကိုယ်တော် အဆိုတော်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံကို ပျိုးထောင်လျက်ရှိတယ်လို့လဲ သိရပါတယ် ။

Credit:Mizzima 


08 Aug 2016     1,253 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment