BEC-TERO TV

အိုလံပစ်ပြိုင်ပွဲတွင် မြေးဖြစ်သူ ယှဉ်ပြိုင်နေပုံကြည့်ရင်း အဖွား သေဆုံး

08 Aug 2016     1,570 Views


ထိုင်းနိုင်ငံတွင် မြေးဖြစ်သူရဲ့ ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ် ကမ္ဘာချန်ပီယံပြိုင်ပွဲမှာ ကြေးတံဆိပ် ကိုဆွတ်ခူးရရှိတာကိုကြည့်ရှုနေချိန်မှာ ရုတ်တရက် လဲကျ သေဆုံးသွားခဲ့ပါတယ်။ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျေနေးယိုးမြို့မှာတိုက်ရိုက်ထုတ်လွှင့်နေတဲ့ အလေးမပြိုင်ပွဲ ၅၆ ကီလိုတန်းမှာ ယှဉ်ပြိုင်နေခဲ့တာကိုကြည့်ရှုနေချိန်မှာ စိတ်လှုပ်ရှားကာ လဲကျသွားခဲ့တာလို့သိရပါတယ်။ သူ့ကို ချန်ဖွန်ဘူရီခရိုင်ဆေးရုံကို အလျင်အမြန် ခေါ်ဆောင်သွားခဲ့ကြပြီး ဆေးရုံရောက်လို့ ၁ နာရီအကြာမှာတော့ သေဆုံးသွားခဲ့ပြီလို့ ကြေညာလိုက်တာပါ။ဆင်ဖက် ရဲ့ မိခင်ဖြစ်သူ ချန်ကတော့ သူမရဲ့မိခင်သေဆုံးခဲ့ရမှုအတွက် ၀မ်းနည်း၊ ၀မ်းသာစိတ်ခံစားမှုနှစ်ခုစလုံးကို ခံစားခဲ့ရပါတယ်။

Soure : burmese.dvb.no/


08 Aug 2016     1,570 Views




RELATED

Most Popular of Special or Others

Most Popular of NEWS