ဝန်ထမ်းများ လစာတိုးပေးရန် ကမ္ဘာ့ဘဏ်က ငွေချေးမည်
09 Aug 2016 1,753 Views

ဝန်ထမ်းများ လစားတိုးဖို့ အတွက်၊ ငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ဖို့အပါဝင် သမ္မတက ပြည်ထောင်စု လွှတ်တော်ထံတင်ပြ၍ ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀၀ ချေးယူလိုကြောင်း အတည်ပြုတောင်းခံလိုက်ပါတယ်။ ဒီချေး ငွေ သန်း ၁၀၀ ထဲ့မှာ ဒေါ်လာသန်း ၆၀ ကိုဝန်ထမ်းလစာတိုးပေးဖို့ဖြစ်ပြီး နိုင်ငံပိုင်ဘဏ်တွေ(၁)ပြုပြင်ပြောင်းလဲရေး (၂)အသေးစားငွေကြေးလုပ်ငန်း (၃)အာမခံလုပ်ငန်း အဆင့်မြှင့်ရေး စတဲ့လုပ်ငန်းတွေအတွက်အသုံးပြုမယ်လို့ဆိုပါတယ်။ ချေးငွေရဲ့ ဆိုင်းငံကာလ မှာ ၆နှစ်တာကာလ ဖြစ်ပြီး ပြန်ဆပ်ကာလ ၃၂ နှစ် စုစုပေါင်း ၃၈နှစ် အတိုးမဲ့ငွေဖြစ်ပါတယ်။
Soure : burmese.dvb.no/







