BEC-TERO TV

အွန်းလိုင်းမှာတွေ့ အပြင်မှာချိန်ပြီးဆေးခတ် အဓမ္မပြုကျင့်ခံရသူ မိန်းကလေးသေဆုံး

09 Aug 2016     1,305 Views


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဆေးအရပ်တွင်နေထိုင်သူ မိန်ကလေး “အေ” နန်စမွတ် (၁၉)နှစ်ဟာ အွန်လိုင်းမှာ သူငယ်ချင်းဖြစ်နေသူ ယောက်ကျာင်္းလေး လူငယ်တစ်ဦးနဲ့အပြင်တွင်ချိန်းတွေ့ပြီးဖျော်ရည်ထဲ့လိင်စိတ်ကြွမူးယစ်ဆေးတစ်မျိုးထဲ့တိုက်ပြီး ယောက်ကျာင်္းလေး လူငယ်လေးဦးက ဟော်တယ်ခေါ်သွားခဲ့ပါတယ်။ ဟော်တယ်မှာ ကောင်လေးမလေးကို လေးဦးက အဓမ္မပြုကျင့်နေစဉ် မိန်းကလေးဟာဆေးဒဏ်မခံနိုင်ပဲ နှလုံးခုံရပ်သွားခဲ့ပြီး ထိုအမျိုးသားလေးဦးက ဟော်တယ်ကနေအကြောင်းမကြားပဲထွက်ပြေးခဲ့ကြပါတယ်။ဟော်တယ်ဝန်ထမ်းတွေ သိရှိချိန်မှာ မိန်းခလေးဟာ အသိနောက်ကျသွားတဲ့အတွက် သေဆုံးခဲ့ပါတယ်။

ထွက်ပြေးသွားတဲ့ တရားခံလေးဦးကို CCTV ကနေရှာဖွေခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။အခုလို ဆေးခေတ်ပြီး လိင်ဆက်ဆံတဲ့ ဖြစ်ဆင်တွေဟာ ထိုင်းမှာဖြစ်ပွားနေတာနေ့စဉ်လို့ပါပဲ။ဒါကြောင့်မို့ အွန်လိုင်းမှာတွေ့ပြီးအပြင်ချိန်တွေ့ဖို့ကို သတိထားဆင်ခြင်နိုင်ကြပါလို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ရုပ်ရည် သန့်ပြန့်တဲ့သူက အရင်ဆုံးတွေ့ သိကျွမ်းပြီးမိန်းကလေးနဲ့ချိန်း စကားပြောပါတယ်၊ ပြီးမှာမိန်းကလေးအလစ်မှာ ဖျော်ရည်ထဲ ဆေးခတ်ထားလိုက်ပါတယ်။ ဆေးမိလို့ မူးဝေနေတဲ့မိန်းခလေးကို သူငယ်ချင်းတွေစောင့်နေတဲ့နေရာခေါ်သွားပြီး အဓမ္မပြုကျင့် ကြတာဖြစ်ပါတယ်။

Soure : thithtoolwin


09 Aug 2016     1,305 Views




RELATED

Most Popular of Special or Others

Most Popular of NEWS