BEC-TERO TV

iPhone 7 ရဲ့ ပုံစံအပြည့်အစုံကို ပြသထားတဲ့ ဗီဒီယို

09 Aug 2016     1,215 Views


နောက်ထွက်မယ့် iPhone 7 အတွက်တော့ ကောလဟလတွေ အမျိုးမျိုးထွက်ပေါ်လျက်ရှိနေပြီး headphone jack ကို ဖယ်ရှားသွားမယ် ၊ မျက်နှာပြင်ပြည့် display ပါလာမယ် ၊ Home ခလုပ်ကို ဖြုတ်ပစ်မယ် အစရှိသဖြင့် ခန့်မှန်းနေကြပါတယ်။ ကင်မရာပိုင်းမှာတော့ Lens နှစ်ခုနဲ့ ကင်မရာပါလာမယ်လို့ခန့်မှန်းနေကြပြီး RAM 3GB နဲ့ storage 256GB အထိ ပါဝင်လာမယ် အစရှိသဖြင့် သတင်းတွေအမျိုးမျိုး ထွက်ပေါ်နေကြတာပါ။

အခုနောက်ဆုံးပေါက်ကြားလာတဲ့ ဗီဒီယိုအရတော့ iPhone 7 မှာ Home ခလုတ်ကို ဆက်လက်ထားရှိထားတာကို တွေ့ရပြီး ဒီခလုတ်ဟာဆိုရင်လည်း Force Touch နည်းပညာကို အသုံးပြုထားတယ်လို့ သိရပါတယ်။ နားကြပ်ပေါက်ကတော့ တကယ်ပဲမပါဝင်တော့တာကိုတွေ့ရပြီး အားသွင်းတဲ့ Lightning အပေါက်မှာပဲ ထည့်သွင်းအသုံးပြုနိုင်တဲ့ နားကြပ်တွေလည်း ပါဝင်လာတာကို တွေ့ရမှာပါ။ iPhone 7 ရဲ့ ကင်မရာကတော့ Lens နှစ်ခုကို အသုံးပြုထားတာကိုလည်း ဒီဗီဒီယိုထဲမှာတော့ အသစ်ပါဝင်လာမယ့်နက်ပြာရောင် iPhone ကိုတော့ မတွေ့ရသေးပါဘူး။

Soure : technology. thithtoolwin


09 Aug 2016     1,215 Views




RELATED

Most Popular of Special or Others

Most Popular of NEWS