BEC-TERO TV

ရေအောက်ပြတိုက်မှာ ကောင်းလေးကိုလာနှုတ်ဆက်တဲ့ ပိုလာဝက်ဝံကြီး

09 Aug 2016     1,701 Views


လေးနှစ်သားကလေး ဇန်ဒါဟာ မိဘတွေနဲ့ ရေအောက်ပြတိုက် သွားရောက်လည်ပတ်ချိန်မှာ ပိုလာဝက်ဝံကြီးနဲ့ အနီးကပ်မြင်တွေ့ခဲ့ပုံကို ဖခင်ဖြစ်က အံ့သြဖွယ်ဓာတ်ပုံတွေ အနီးကပ်ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူကတော့ “ကျွန်တော့်သားက ကျွန်တော့်ကို ပြောတယ်။ ရေထဲမှာ ပေါ်နေတဲ့ သက်တန့်ကို ဓာတ်ပုံရိုက်ပေးလို့ ပြောခဲ့တာ။ ကျွန်တော်က ဓာတ်ပုံရိုက်ဖို့ ကင်မရာကို ဆက်တင်ချိန်နေတဲ့အချိန် ငါးတွေက ပြေးသွားပြီး ရေမြှုပ်ကြီးတွေထ လာတာကိုတော့ သတိထားမိလိုက်တယ်။

ပိုလာဝက်ဝံကြီးတစ်ကောင်တော့ ရေဆင်းကူးပြီထင်တယ်လို့တော့ တွေးမိလိုက်တယ်။ မကြာခင်မှာပဲ ကျွန်တော့်သား မတ်တပ်ရပ်နေတဲ့ ရှေ့ကိုရောက်လာပြီး မှန်ကို လက်နဲ့ထိပြီး နှုတ်ဆက်နေတော့တာပဲ” လို့ ပြောကြားခဲ့ပါတယ်။ဒီအဖြစ်အပျက်ဟာ သားဖနှစ်ယောက်လုံးအတွက် မမေ့နိုင်ဖွယ် အဖြစ်ပျက်တစ်ခုလေပါ၊ ဇန်ဒါလေးအရမ်းပျော်ရွှင်ခဲ့တယ်လို့သိရပါတယ်။ ဒီအဖြစ်အပျက်ကတော့ အမေရိကန်နိုင်ငံ အိုဟိုင်းဝိုးပြည်နယ်ရဲ့ နာမည်ကျော် ကိုလံဘတ်စ် တိရစ္ဆာန်ဥယျာဉ်နဲ့ ငါးပြတိုက်မှာ ဖြစ်ပွားခဲ့တာပါ။

Soure : knowledge.thithtoolwin


09 Aug 2016     1,701 Views




RELATED

Most Popular of International News

Most Popular of NEWS