လမ်းမပေါ်မှာ ကိုယ်လုံးတီးနဲ့ သေနေတဲ့ မော်ဒယ်
10 Aug 2016 1,676 Views

မက္ကဆီကို နိုင်ငံ မှာ နေထိုင်တဲ့ မော်ဒယ်တစ်ဦးဟာ သူမအိမ်ရှေ့မှာရှိတဲ့လမ်းမပေါ်မှာ ကိုယ်လုံးတီးဖြင့် သေဆုံးနေကြောင်း Mirror သတင်းမှ ဖော်ပြခဲ့ပါတယ် ။
စတက်ဖနီမက်ဂန် ရမ်မာရက်ဇ် ဟုသိရတဲ့ အသက် ၂၃ နှစ် အရွယ်ရှိ ကိုလမ်ဘီယာ မော်ဒယ်ဟာ သူမအိမ် တွင် ရိုက်သတ်ခံရပြီး လမ်းမပေါ်တွင် စွန့်ပစ်ထားတယ်လို့ ရဲများက ယူဆကြပါတယ် ။
သူမကို ပြစ်မှု ကျူးလွန်သူများက မသေမချင်း ရက်ရက် စက်စက်ကို ရိုက်သတ်ခဲ့ကြောင်းကို ဆက်လက်ဖော်ပြခဲ့ပါတယ် ။
.jpg)
မျက်မြင်တစ်ဦး၏ ပြောဆိုချက်အရ သူမ ဟာ အရက်သေစာ နှင့် မှုးယစ်ဆေးဝါး သုံးစွဲထားကြောင်း သိရှိရပြီး သူမနေထိုင်တဲ့ တိုက်ပေါ်မှ ပစ်ချ ခံရတယ်လို့ ပြောဆိုခဲ့ပါတယ်။
သို့သော် ခွဲစိတ်စမ်းသပ် ဌာန မှ ပြောကြားချက် အရ သူမ တွင် အရက်သေစာ သုံးသောက်ထားသော အချက်အလက်များကို မတွေ့ရှိကြောင်း နှင့် သူမဟာ မှုးယစ်ဆေးဝါးသုံးစွဲမှု လုံးဝမရှိကြောင်း သူမရဲ့ သူငယ်ချင်း များမှ ပြောပြခဲ့ပါတယ် ။
သူမဟာ ခင်ပွန်းသည်နဲ့ လေးနှစ်အရွယ်သားလေးကို သူမရဲ့မွေးရပ်မြေ ကိုလမ်ဘီယာမှာ ထားခဲ့ကာ New Icon မော်ဒယ်အေဂျင်စီက ၆ လ ငှားရမ်းတဲ့အတွက် တခြားမော်ဒယ်တွေနဲ့အတူ အခန်းငှားပြီး နေထိုင်တာ ဖြစ်ပါတယ်။






