BEC-TERO TV

Simcard များကို မှတ်ပုံတင်ရန် နှင့် မှတ်ပုံတင်ထားခြင်း မရှိပါက သုံးစွဲမှုများကို ယာယီ ပိတ်ပင်သွားမည်

10 Aug 2016     1,277 Views


မိမိအသုံးပြုနေသော simcard များကို မှတ်ပုံတင်ထားရန်အတွက် သြဂုတ်လ ၁ ရက်နေ့တွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ထုတ်ပြန်ကြေငြာ ခဲ့ခြင်း ဖြစ်ပါတယ်  ။ 
 
မိမိ ဖုန်း simcard များကို မှတ်ပုံတင်ရန်အတွက် နီးစပ် ရာ ဖုန်းဆိုင်များတွင် မှတ်ပုံတင်နိုင်ကြောင်းလည်း သိရှိရပါတယ် ။
 
သတ်မှတ် အချိန်ကာလ အတွင်း မှတ်ပုံတင်ထားခြင်း မရှိသော simcard များကို သုံးစွဲခွင့် ယာယီ ပိတ်ပင်မှာလဲဖြစ်ပါတယ် ။
 
၂၀၁၇ ခုနှစ် မတ်လ (၃၁) ရက်ကိုနောက်ဆုံးထားပြီး မှတ်ပုံတင်ပေးရမှာ ဖြစ်တဲ့ အတွက်ကြောင့် မှတ်ပုံ တင်ရန်အတွက် အချိန် (၈) လ ကျန်ရှိသေးပါတယ် ။ 
 
simcard များကို မှတ်ပုံတင်ရာတွင် မှတ်ပုံတင် သို့မဟုတ် ကျောင်းသားကတ်၊  ယာဉ်မောင်းလိုင်စင်ကဲ့သို့ အသိအမှတ်ပြု ကတ်ပြားတစ်မျိုးမျိုး၊ ယင်းကတ်ပြား၏ မိတ္တူတစ်စောင်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ လူမျိုး/နိုင်ငံသား၊ ကျား/မ၊ နေရပ်လိပ်စာ စသည်တို့ကို ပါရှိရမှာဖြစ်သလို နိုင်ငံခြားသား များ အနေနဲ့ ပတ်စ်ပို့ ပါရှိရမှာ ဖြစ်ပါတယ် ။ 
 
ထုတ်ပြန်ချက် အရ မှတ်ပုံတင်လျှောက်ပြီးသား ဆင်းကတ်များကို လက်လွှဲရောင်းချ၍ဖြစ်စေ သို့မဟုတ် သုံးစွဲသူ၏ အချက်အလက်များ မှန်ကန်စေရန် ထည့်သွင်းမည်ဆိုပါက သက်ဆိုင်ရာ အော်ပရေတာနှင့် ဆက်သွယ်၍ မှတ်ပုံတင်ရန်  လိုအပ်ကြောင်းဖော်ပြပေးထားပါတယ် ။ 
 
 
Source : The Vocie Weekly

10 Aug 2016     1,277 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS