BEC-TERO TV

မွေးနေ့ကို ဆံပင်အရောင်အလန်းနဲ့ ပြင်ဆင်နေတဲ့ Kylie Jenner

10 Aug 2016     1,233 Views


Kylie Jenner ဟာ သြဂုတ်လ ၁၀ ရက်မှာ ကျရောက်မယ့် မွေးနေ့အတွက် ၉ ရက်နေ့မှာ အဆင်သင့်ပြင်နေပါပြီ။ Kylie ဟာ မွေးနေ့အတွက် ဆံပင်ကို အနီရဲရဲဆိုးလိုက်တဲ့အပြင် ကျစ်ဆံမြီးတွေ ကျစ်လို့ ဇူလိုင်လ ၉ ရက်မှာ Snapchat ကနေ မျှဝေခဲ့ပါတယ်။ "Fire red for 19" လို့ ဗီဒီယိုရဲ့ဖရိန်မှာ ရေးထားပါတယ်။

မွေးနေ့မတိုင်မီ တစ်ရက်အလိုကတည်းက ပန်းစည်းတွေလည်း ကြိုရောက်နေပါပြီ။ ချစ်သူ Tyga စီကနေလဲ ဒေါ်လာ 2သိန်းတန် 2016 Maybach ကားကိုလဲ လက်ဆောင်ရရှိထားပါတယ် ။ ဒီကားဟာဆိုရင် Tyga ကမွေးနေ့လက်ဆောင်ပေတဲ့ ဒုတိယ မြောက်ကားဖြစ်ပါတယ်။

Kylie ဟာ မွေးနေ့အတွက် ရည်ရွယ်ပြီး အနီရောင်ကို ခဏပဲ ပြောင်းလိုက်တာ ဖြစ်ပုံရပါတယ်။ ဆံပင်အရောင်က တကယ့်ကို အမိုက်စားဖြစ်ပေမဲ့ ကိုင်လီရဲ့ ပရိသတ်တွေအတွက်တော့ သိပ်ပြီး အံ့သြစရာ မကောာင်းပါဘူး။ အစိမ်းရောင်ကအစ အပြာရောင်အထိ ဆံပင်တုတွေ ရောင်စုံဒီဇိုင်းစုံ ရှိနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

Credit:Duwun 


10 Aug 2016     1,233 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment