BEC-TERO TV

ကဗျာဘွဲ့မှူးကို လိမ်လည်မှုရဲ့ တရားဝင် အမှု ဖွင့်ပြီ

10 Aug 2016     1,494 Views


  •  ငွေးကြေးလိမ်လည်မှုဖြင့် ကဗျာဘွဲ့မှူးကို တရားဝင်အမှုဖွင့်တိုင်ကြား
  •  စုစုပေါင်းငွေ ကျပ် ၁၁,၈၁၆ သိန်းကို အနုပညာအသိုင်းအဝိုင်းရှိ မိတ်ဆွေများထံမှာလိမ်လည်
  •  စက်သုံးဆီ လုပ်ငန်းလုပ်ကိုင်ရန်အတွက် အစုရှယ်ငွေ ထည့်သွင်းရန် လိမ်လည်ခဲ့ခြင်းဖြစ်သည်။ 
 
လွန်ခဲ့သောဇွန်လတွင် အနုပညာလောက မှ အနုပညာရှင်းအချို့ ကဗျာဘွဲ့မှူး ၏ ငွေသိန်းပေါင်းများစွာမှု နှင့် ပါတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ် ။ 
 
လွန်ခဲ့သော သြဂုတ်လ ၆ ရက်နေ့မှာတော့ တေးသံရှင် ဆုန်သင်းပါရ် နှင့် ဒေါ်စန်းစန်းထွေး တို့မှ ငွေကြေးလိမ်လည်မှုဖြင့် တရားရုံးတွင် တရားဝင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း 7daydaily သတင်းမှ သိရပါတယ် ။
 
ဖြစ်စဉ် မှာ ဆုန်သင်းပါရ် နှင့် ဒေါ်စန်းစန်းထွေး အပါအဝင် အနုပညာရှင် များ စွာအား တေးသံရှင် အဆိုတော် ကဗျာဘွဲ့ မှူး နှင့် ခင်ပွန်းတို့ မှ စက်သုံးဆီ လုပ်ငန်း လုပ်ကိုင်ရန်အတွက် အကြောင်းပြကာ ငွေကြေးရင်းနှီး မြှပ်နှံရန်အတွက် ပြောဆိုခဲ့ကြောင်း သိရပါတယ် ။
 
စက်သုံးဆီ လုပ်ငန်းတွင် အစုရှယ်များကို ဝင်ရန်အတွက် သက်တမ်း ၆ လကြာမြင့်မည် ဖြစ်ပြီး ခြောက်လပြည့်ပါက အရင်းငွေ နှင့် အမြတ်ငွေ ပါ ပြန်လည် ရရှိမည်ဟု ပြောကြားခဲ့ပါတယ် ။ 
 
သို့သော် သက်တမ်း ၆ လပြည့်သော်လည်း အရင်းငွေ နှင့် အမြတ်ငွေ ပါ မရရှိသည့် အပြင် အဆက်အသွယ် ပါ မရရှိတော့ သဖြင့် လိမ်လည်ခံရသော အနုပညာရှင်းများက လွန်ခဲ့သော ဇွန်လတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ် ။ 
 
 စုစုပေါင်းငွေ ကျပ် ၁၁,၈၁၆ သိန်းကို ကဗျာဘွဲ့မှူးမှ  တေးသံရှင် ကဗျာဘွဲ့မှူး သည် အဆိုတော်မေခလာ၊ ဆုန် သင်းပါရ်၊ L ဆိုင်းဇီ၊ ဘိုဖြူ၊ကော်နီ၊ စင်ဒီ၊ အံ့မော်ဦး၊ ဒီဖြိုး၊ ခရစ္စတိုဖာ၊ စောအယ်လ်ခူ၊ ကျော်နေဝင်း၊ ချစ်စမ်းမောင်နှင့် ဒေါ်စန်းစန်းထွေးတို့ထံမှ လိမ်လည်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။ 
 

10 Aug 2016     1,494 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS