အမေရိကန်သမ္မတလောင်း၏ အဆောက်အဦပေါ် တက်သူနှင့် ရဲတပ်ဖွဲ့ လုံးထွေးသတ်ပုတ်
11 Aug 2016 1,656 Views
-အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ သြဂုတ် ၁၀ရက်ညနေပိုင်း
-ထရမ့်တာဝါ မိုးမျှော်အဆောက်ဦးပေါ်ခိုတွယ်တက်ရောက်ခဲ့ လူငယ်တစ်ဦး
-၂၁ ထပ်မြောက် အခန်းပြတင်းပေါက်မှတဆင့် အင်အားသုံးပြီးအဆိုပါလူငယ်ကို ဆွဲယူဖမ်းဆီးခဲ့ အဆိုပါ အဆောက်အဦဟာ ၅၈ ထပ်ရှိပြီး အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် ရုံးထိုင်ရာ ရီပတ်ဘလီကန်ပါတီရုံးခန်းနဲ့ စီးပွားရေးလုပ်ငန်း ရုံးစိုက်ရာနေရာအဖြစ် အသုံးပြုတဲ့ နေရာတခုဖြစ်တယ်လို့ တိုင်းမ်ဖရီးပရက်စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။တက်ရောက်ခဲ့သူ လူငယ်ဟာ အသက် ၂၀ အရွယ်ဖြစ်ပြီး အဆောက်အဦပြင်ပ မှန်နံရံတွေကို စုပ်ခွက်တွေ၊ သိုင်းကြိုးတွေ အသုံးပြုပြီး ခိုတွယ် တက်ရောက်ခဲ့တာပါ။
Soure : burmese.dvb.no






