BEC-TERO TV

ကမ္ဘာကျော်တဲ့ အလှမယ် ဖြစ်ချင်တဲ့ ဂျူးဂျူးစံ

11 Aug 2016     1,327 Views


နိုဝင်ဘာလ၊ ဖိလစ်ပိုင် နိုင်ငံ မှာ ကျင်းပမယ့် Miss United Country 2016 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက် ယှဉ်ပြိုင်ဖို့ အတွက်ကို M Queen Organization မှ တေးသံရှင် ဂျူးဂျူးစံကို စေ လွှတ်မှာဖြစ်ကြောင်း သိရပါတယ်။

မော်ဒယ်နဲပတ်သတ်လို့ အတွေ့အကြုံမရှိသေးပေမယ့် အတက်နိုင်ဆုံး ကြိုးစားပြီး နိုင်ငံ့ဂုဏ် ဆောင်တဲ့ Miss တစ်ယောက် အနေကနေ ကမ္ဘာ ကျော်တဲ့ Miss တစ်ယောက် ဖြစ်အောင် ကြိုး စားသွားမှာပါ လို့လဲ ပြောထားပါတယ် ။ ပြိုင်ပွဲက ၃လ လောက်လိုသေးတာကြောင့် စင်ကာပူကို သွားပြီး ပြိုင်ပွဲအတွက် Camp ၀င်နေမှာလဲ ဖြစ်ပါတယ်။

ဂျူးဂျူးစံ ငယ်ငယ်တည်းက သီချင်းဆိုရတာ ၀ါသနာပါပြီး ကလေးသီချင်းပြိုင်ပွဲတွေကိုလဲ အမြဲ ယှဉ်ပြိုင်နေသူတစ်ယောက်ပါ ။ အိမ်မက်ဆုံရာ Season -4 မှာ 7th Runner Up ရရှိထားသူလဲ ဖြစ်ပါတယ်။ တစ်ကိုယ်တော်အနေ နဲ့ ဖခင် အဆိုတော်ကြီး မင်းခေါင် ရဲ့ တေးသီချင်းတွေကို ပြန်ဆိုပြီး စီးရီးခွေ ထုတ်ဖိုလဲ အစီစဉ်ရှိပါတယ်လို့ ပြောထားပါတယ်။

Credit:popular 


11 Aug 2016     1,327 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment