BEC-TERO TV

ပေါ်တူဂီတောမီးကြောင့် လူ ၃ ဦးသေဆုံး၊ အရေးပေါ်ပြောင်းရွှေ့

11 Aug 2016     1,218 Views


-အတ္တလန္တိတ် သမုဒ္ဒရာထဲ ပေါ်တူဂီပိုင် ကျွန်းတကျွန်းဖြစ် တဲ့မဒေရာကျွန်း

-သြတ်ဂုတ်လ ၉ ရက်နေ့ မှာတောမီးတွေ ၂ရက်ဆက်တိုက်လောင်ကျွမ်း

-မြို့ခံ ၁၀၀၀ ကျော်ကိုလည်း အရေးပေါ် ပြောင်းရွှေ့ပြီး လူ ၂ဦး ဒဏ်ရာအပြင်းအထန်ရရှိ

လက်ရှိအချိန်အထိ သက်ကြီးရွယ်အို ၁ ဦး အပါအ၀င် လူ ၃ ဦးသေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေပါတယ်။ မြို့လယ်က အိမ်တအိမ်ကို တောမီး ကူးစက်လောင်ကျွမ်းခဲ့တဲ့အတွက် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သူ ၂ ဦးလည်း နောက်ပိုင်းမှာ သေဆုံးခဲ့တာပါ။တောနက်ပြီး တောင်တွေ မတ်စောက်တဲ့အတွက် တောမီးလောင်ကျွမ်းမှုကို မီးငြှိမ်းသတ်ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ မီးသတ်တပ်ဖွဲ့ကပြောပါတယ်။ လာမယ့်ရက်တွေအတွင်း နေ့အပူချိန် ကျဆင်းလာမယ်လို့ မိုးလေ၀သဌာနက ကြေညာထားတဲ့အတွက် မီးငြှိမ်းသတ်ရေး အခြေအနေ ကောင်းလာနိုင်တယ်လို့ မဒေရာကျွန်း အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။

Soure : burmese.dvb


11 Aug 2016     1,218 Views




RELATED

Most Popular of Special or Others

Most Popular of NEWS