BEC-TERO TV

အိန္ဒိယ သူခိုးများက ရထားခေါင်မိုး အပေါက်ဖောက်၍ ဒေါ်လာ ၇၅၀,၀၀၀ ကျော်ခိုးယူခဲ့

11 Aug 2016     1,248 Views


-အိန္ဒိယ တောင်းပိုင်းတွင် ပြေးဆွဲသော ရထားတစ်စင်းကို သူခိုးတစ်စုအပေါက်ဖောက်၍ ငွေသားခိုးယူ

-ငွေသား ဒေါ်လာ ၇၅၀,၀၀၀ ကျော်ခိုးယူခဲ့

-၁၈၆ မိုင်(ကီလိုမီတာ ၃၀၀)ကျော် ရှည်လျားသော ရထားခရီစဉ်အချိန်မှာခေါင်မိုးဖောက်ခိုးယူ

၎င်းရထားသည် ချန်နိုင်းမြို့သို့ အမြန်ရထားဆိုက်ကပ်ပြီး နာရီအနည်းငယ် ကြာမှ ခိုးယူခံရမှုသိရှိခဲ့ရပါတယ်။ ရထား၏ အဓိက ကုန်တွဲတွင် အိန္ဒိယ ဗဟိုဘဏ်က ပိုင်ဆိုင်သော ဒေါ်လာ ၅၁ သန်း (ရူပီး ၃ ဒသမ ၄ ဘီလျံ) ကို သယ်ဆောင်လာခဲ့ပြီး ကပ်လျက် ရထားတွဲတွင် လက်နက်ကိုင် ရဲများ စောင့်ကြပ်လိုက်ပါလာခဲ့ကြောင်း သိရသည်။

သူခိုးများသည် ခေါင်မိုးတွင် လေးပေလည် အပေါက်ကိုဖောက်၍ အောက်စီဂျင်၊ အက်စီတလင်းသုံး မီးကိုသုံးပြု ဖောက်ခဲ့ကြတယ်လို့ရဲ များကယူဆထားပါတယ်။အသုံးပြုရဆဲ ဖြစ်နေသော ငွေစက္ကူဟောင်းများကို ဖျက်ဆီးရန်အတွက် ဆာလင်မြို့မှချန်နိုင်းမြို့သို့ သယ်ခဲ့ခြင်းဖြစ်ပါတယ်။ အိန္ဒိယ ဗဟိုဘဏ်မှ တာဝန်ရှိသူများသည် ရထားတွဲမှ ငွေသားများကို ထုတ်ယူရန် သြဂုတ် ၉ ရက် နံနက်က ရောက်ရှိလာခဲ့ချိန်မှ ငွေများ အခိုးခံရမှုကို သိရှိခဲ့ခြင်းဖြစ်သည်။

Soure : news-eleven


11 Aug 2016     1,248 Views




RELATED

Most Popular of Special or Others

Most Popular of NEWS