BEC-TERO TV

အချစ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ စိုးပြည့်သဇင်

12 Aug 2016     1,365 Views


“တောင်တွေအထပ်ထပ် မင်းရဲ့တွန်းအားနဲ့ကွယ်ကျော်ခဲ့တယ်..... အနီရောင်သွေးပြွန်ကြောထဲ တဆစ်ဆစ်ကိုက်လို့ လှုပ်ရှားတယ်..... ခြင်ငယ်လေးတစ်ကောင်..... မင်းကလေးပေါ့....... သိပ်ချစ်တယ် အချစ်လေး..... အချစ်လေး..... ချစ်တယ်..... မင်းကလေးပေါ့.....” အဲဒီသီချင်းလေးကို တေးသံရှင်ဖြိုးကြီးနဲ့အတူ အသံသြရှရှလေးနဲ့ သီဆိုခဲ့တဲ့ ၁၃ နှစ်သမီးလေး သူမ၊ အနုပညာလောကထဲကို သရုပ်ဆောင်အနေနဲ့ ဝင်ရောက်ခဲ့ပြီး အကယ်ဒမီ ရွှေစင်ရုပ်ထုကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့သူမ၊ သရုပ်ဆောင်နဲ့ ဂီတဝါသနာပါရာ အနုပညာနှစ်ရပ်စလုံးကို ဟန်ချက်ညီညီ ကြိုးစားအောင်မြင်နေတဲ့သူမ၊ သူမဆိုတာကတော့ အကယ်ဒမီသရုပ်ဆောင်တစ်ယောက်အပြင် တေးသီချင်းတွေလည်း ထွက်ရှိထားပြီး အခုအချိန်မှာ သူမရဲ့ဒုတိယမြောက် တစ်ကိုယ်တော်တေးစီးရီး “အချစ်ကိုရှာဖွေတွေ့ရှိခြင်း” ဆိုတဲ့ တေးစီးရီးထွက်ရှိထားတဲ့ သရုပ်ဆောင်၊ တေးသံရှင် စိုးပြည့်သဇင်ပါ။ သူမနဲ့ သူမရဲ့တေးသီချင်းတွေအကြောင်း၊ သူမရဲ့ အနုပညာ၊ သူမဖြတ်သန်းခဲ့တဲ့ အကြောင်းအရာ၊ သူမရဲ့ စိတ်နေစိတ်ထား၊ သူမတကယ်ရော အချစ်ကို တကယ်ရှာဖွေတွေ့ရှိခဲ့ပြီလား... စတာတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ အခုထွက်ထားတဲ့ “အချစ်ကို ရှာဖွေတွေ့ရှိခြင်း” ဆိုတဲ့ ခွေလေးအကြောင်းက စပြီး ပြောပေးပါဦး။

စိုးပြည့်ရဲ့ဒီMTV လေးက ထွက်ဖြစ်တာ CD ထွက်ပြီး တစ်နှစ်လောက်ကြာမှ ထွက်ဖြစ်တာပါ။ ဒီ MTV လေးမှာလည်း စိုးပြည့်အများကြီး ကြိုးစားထားပြီးတော့ ကြိုက်ကြတယ်လို့ ပြန်ကြားရတဲ့အတွက်လည်း အများကြီးဝမ်းသာပါတယ်။ CD မှာ ကြားဖူးပြီးသား သီချင်းကို MTV မှာ အရုပ်နဲ့တွဲပြီး ခံစားရတဲ့အတွက် ပိုပြီးကြိုက်ကြပါတယ်။ တချို့သီချင်းလေးတွေဆို ဥပမာ - ရင်ကွဲသစ္စာလို သီချင်းမျိုးဆိုရင် အရင် CD မှာတုန်းက သိပ်မကြိုက်ကြပေမဲ့ MTV ထွက်လာတဲ့အခါကျတော့ ကြိုက်သွားကြတယ်။ သီချင်းတွေနဲ့ ပတ်သက်ပြီးတော့ ပထမတစ်ကိုယ်တော်ခွေရယ်၊ အခုဒုတိယတစ်ကိုယ်တော်ခွေရယ်၊ ကြားထဲမှာ City FM ခွေလေးရယ် အဲဒါလေးတွေ လုပ်ဖြစ်ပါတယ်။ City FM ခွေထဲမှာ ကိုဇော်ပိုင်နဲ့ဆိုထားတဲ့သီချင်းဆို ပရိသတ်တွေကြိုက်ကြတယ်။ နောက်ပြီး ကို D ဖြိုး နဲ့ ဆိုထားတဲ့သီချင်းဆိုရင် Show တွေမှာလည်း တောင်းကြတယ်။


12 Aug 2016     1,365 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment