ကားမှန်ကြားတွင် ညပ်နေသူအမျိုးသားအမှု ရဲက စုံစမ်း
12 Aug 2016 1,671 Views
တရုတ်နိုင်ငံ Heilongjiang Provinc ဟေလုံကျန် ပြည်နယ်မှာ လူတဦးဟာ ကားရဲ့ရှေ့မှန်ထဲမှာ ညပ်နေတဲ့ ဖြစ်ရပ်ကို ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။ကားက ၀မ်ကွေး စီရင်စုကနေ ဆူဟာမြို့ကို ထွက်ခွာလာရာအချိန်မှာ ဆူဟာမြို့လယ် မူလတန်းကျောင်းအရောက်မှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ကားပေါ်တွင် စီးနင်လိုက်ပါလာသူ အဲဒီလူဟာ ကားမှန်ကို၂ ကြိမ်ဝင်တိုက်ခဲ့ပြီး ဒုတိယအကြိမ်မှာ မှန်ကြားထဲ့ ညပ်နေတာလို့ ကားပေါ်စီးနင်းလိုက်ပါလာသူတွေက ဆိုပါတယ်။
မှန်ကြားထဲမှာ ညပ်နေတဲ့သူကိုတော့ ကယ်ဆယ်ရေးသမားတွေ ကယ်ဆယ်ထားပြီး သွေးထွက်လွန်နေတယ်လို့လည်းသိရပါတယ်။ထို့သူက ဘာကြောင့်မှန်ကိုခွဲဖို့ကြိုစားသလဲဆိုတာ အကြောင်းအရင်းမသိရသေးပါ၊ စိတ်ပုံမှန် ရှိမရှိ စစ်ဆေးနေပါတယ်လို့လည်း သိရပါတယ်။
Soure : burmese.dvb.no






