BEC-TERO TV

ထိုင်းတောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှု ၉ ကြိမ်အထိ ဖြစ်ပွား

12 Aug 2016     1,219 Views


ထိုင်းနိုင်ငံတွင်း ၁၁ရက် သြဂုတ် ညနေကနေ ၁၂ရက် မနက် ၉ နာရီအထိ ပေါက်ကွဲမှုပေါင်း ၉ ကြိမ် တိုင်တိုင် ဖြစ်ပွားခဲ့ပါတယ်။ပေါက်ကွဲမှုများထဲ မှာကမ္ဘာလှည့် ခရီးသွားများ စည်ကားရာနေဖြစ်တဲ့ ဟွာဟင်း၊ ဖူးခက်နှင့် အခြားနေရာအချို့တွင်လည်းပေါက်ကွဲခဲ့ပါတယ်။ပေါက်ကွဲမှုများကြောင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ဟွာဟင် ပေါက်ကွဲမှု နှစ်ခုမှာ လူတစ်ဦးသေဆုံးကြောင်း၊ ဆူရတ်သာနီတွင် ပေါက်ကွဲမှုမှာ လူတစ်ဦးသေဆုံးကြောင်း၊ ဖူးခက် ပေါက်ကွဲမှုက လူအများပြားထိခိုက် ဒဏ်ရာရရှိကြောင်း၊ ထရန်းတွင် ပေါက်ကွဲမှုမှာ လူတစ်ဦးသေဆုံးကြောင်း သိရှိရါတယ်။ထို့အပြင် မပေါက်ကွဲသေးသော အခြား ဗုံးတစ်လုံးကိုလည်း တာဝန်ရှိသူများက စနက်တံဖြုတ် ရှင်းလင်းရပါတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

Soure : burmese.dvb.no


12 Aug 2016     1,219 Views




RELATED

Most Popular of Special or Others

Most Popular of NEWS