ဘဏ်ကောင်တာပေါ်တက် သေနတ်ဖြင့်ချိန် ဓားပြတိုက်ခဲ့သူကို ထိုင်းရဲရှာဖွေနေ
12 Aug 2016 1,687 Views

ထိုင်းနိုင်ငံ (Thanacha Bank)တွင်အမျိုးသားတစ်ဦးက ကောင်တာပေါ်တတ်ပြီး ဘဏ်ဝန်ထမ်းအမျိုးသမီးကို သေနတ်ဖြင့်ချိန်ကာ ဘတ်ငွေ ၄သိန်း ဓါးပြတိုက်ယူသွားခဲ့ပါတယ်။ထိုအမျိုးသားဟာ အသက် ၃၀နဲ့ ၃၅ နှစ်ဝန်းကျင်ခန့် ရှိပြီး မျက်နှာတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းထားပြီး အနက်ရောင်သေနတ်တလက်ဖြင့် ဘဏ်တွင်းရှိ အော်ဟစ်နေသူများကို သေနတ်ပြပြီး ခြိမ်းခြောက်ခဲ့ပါတယ်။အဲဒီနောက်မှာ သူဟာ ဘဏ်ရှေ့မှာ ဆိုင်ကယ် ၁ စီးနဲ့ အသင့်စောင့်နေသူ တဦးနဲ့ ဘတ်ငွေ ၄သိန်းကို ဓါးပြတိုက်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ထိုင်းရဲတွေဟာလည်း ထို့အမျိုးသားရှာဖွေပြီ လိုက်လံဖမ်းဆီးနေပါတယ်လို့သိရပါတယ်။

Soure: burmese.dvb.no








