BEC-TERO TV

မြန်မာနိုင်ငံကို လာမယ့် Miss Paraguay Stephania Stegman

15 Aug 2016     1,261 Views


ပါရာဂွေး အလှမယ် Stephania Stegman က မြန်မာနိုင်ငံသို့ တစ်ပတ်ကြာခရီးစဉ် အဖြစ် လာရောက်လေ့လာမယ်လို့သိရပါတယ်။

Miss Supranational 2015 သရဖူဆုရှင်လည်းဖြစ်သလို Miss Grand Slam 2015 Winner လည်းဖြစ်တဲ့ Paraguay နိုင်ငံသူလေး Stephania Stegman ဟာ Miss Golden Land Myanmar 2016 ဖိုင်နယ်ရွေးချယ်ပွဲကြီးကို တက်ရောက်အားပေးဖို့အတွက် မြန်မာနိုင်ငံကို လာမှာလဲ ဖြစ်ပါတယ်။

တတိယအကြိမ်မြောက် Miss Golden Land ပြိုင်ပွဲကြီးကတော့ သြဂုတ်လ(၂၅) ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့သိရပါတယ်။

Credit:Duwun


15 Aug 2016     1,261 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment