BEC-TERO TV

ကမ္ဘာပေါ်ရှိ ရုပ်အတူဆုံး မော်ဒယ် ညီအမ (၃)ယောက်

15 Aug 2016     1,252 Views


အသက်၂၉နှစ်အရွယ် အမွှာညီအမ၃ယောက် ဖြစ်တဲ့ Laura , Allison , Nicola တို့ ဟာ အစားအသောက်အစတူအောင်စားပါတယ်။ ၃ယောက်လုံး အရပ် ၅ပေနဲ့၁၁လက်မ ရှည်ကြပါတယ်။ ခါးဆိုဒ်ကလည်း ၂၈လက်မ အတူတူပါပဲ။ ၈.၅ စတုန်းပေါင် အလေးချိန်တူညီကြပါတယ်။ ဘရာဆိုဒ်က အစတူညီကြပါတယ်။

Lauraက “ကျွန်မတို့အားလုံးလိုလိုတူနေပါတယ်။ အရမ်းသဘောကျပါတယ်။ ကျွန်မတို့က အလှပြင်ပစ္စည်း၊ သွားတဲ့နေရာ၊ စားတဲ့အစားအစာ၊ လက်သည်းနီရောင်၊ ဆံပင်ပုံဆံ၊မိတ်ကပ် ကစအတူအောင်နေပါတယ်”

Allison က “ကျွန်မတို့က ပုံစံတူမော်ဒယ်အဖြစ်ဝင်ငွေရှာတာဆိုတော့ ပုံစံတူနေဖို့လည်း အရေးကြီးပါတယ်။ ဒါ့ကြောင့်လေ့ကျင့်ခန်းလုပ်ရင်တောင် အတူတူလုပ်ပါတယ်၊ပြေးရင်အတူတူ၊ မနက်စာစားရင်အတူတူ၊ နေ့လည်စာလည်းအတူတူ၊ပါပဲ။”လို့ဆိုခဲ့ပါတယ်။

Nicola “ကျွန်မတို့က အရမ်းကိုနီးစပ်ကြပါတယ်။ အမြဲတမ်း လူချင်းနီးမနေရင်တောင် အဆက်အသွယ်ရှိကြပါတယ်။ကျွန်မအမတွေနဲ့ အလုပ်လုပ်ရတာ အရမ်းလည်းပျော်ဖို့ကောင်းပါတယ်။” လို့ ပြောကြားတားပါတယ်။

၃ယောက်လုံးတော်တော်လဲ ချောကြပါတယ် ။

Credit:Shwemon


15 Aug 2016     1,252 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment