BEC-TERO TV

စီးပွားရေးလုပ်တော့မယ့် ဝိုင်းစု

16 Aug 2016     1,503 Views


အိမ်ထောင်သက်တမ်း ၂ နှစ် ရှိနေပြီ ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက နောက်နှစ်နှစ် လောက်ဆိုရင် ကလေးယူတော့မယ်လို့ သိရပြီး အခုပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးကိုလဲ ကျေနပ်နေပါတယ်လို့ ပြောသွားခဲ့ပါတယ်။

နောက်နှစ်လောက်မှာ ကိုယ်ပိုင်ထုတ်လုပ်ရေးတစ်ခု ထူထောင်သွားမယ်လို့ စဉ်းစားထားပြီး ပထမဦးဆုံး ရိုက်ကူးမယ့် ဇာတ် ကားကလည်း သီချင်းနဲ့ချိတ်ဆက်လို့ရတဲ့ ဇာတ်ကားပုံစံမျိုး ရိုက်ကူးသွားမှာလဲ ဖြစ်ပါတယ်။ ” ဝိုင်းစုရိုက်ချင်တာက သီချင်းနဲ့ပတ်သက်တဲ့ ဇာတ်ကားလေး ရိုက်ချင်တယ်၊ ဝိုင်းစုသီချင်းတွေနဲ့ ချိတ်ဆက်လို့ရမယ့် ဇာတ်ကားလေး အရင်ရိုက် ကူးချင်တယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ နယ်ပွဲတွေမှာ သီချင်းတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ ဝိုင်းစုခိုင်သိန်းက “ဂါ” လို့ အမည်ပေးထားတဲ့ သူ့ရဲ့ တစ်ကိုယ်တော်စီးရီးကိုတော့ ၁ဝ လ ပိုင်းမှာ ထွက်ရှိတော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒီနှစ်မကုန်ခင်မှာလည်း အပြင်စီးပွားရေးတစ်ခုခုလုပ်ဖို့ စီစဉ်နေကြောင်းလည်း ဝိုင်းစုခိုင်သိန်းက ပြေသွားခဲ့ပါတယ်။

Credit:popular news


16 Aug 2016     1,503 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment