BEC-TERO TV

ပေါင်(၆)သောင်းတန်မင်္ဂလာပွဲဆင်နွှဲခဲ့တဲ့ ဗြိတိန်အပုဆုံးမင်္ဂလာစုံတွဲ

18 Aug 2016     1,249 Views


ဗြိတိန်နိုင်ငံရဲ့ အပုဆုံးမင်္ဂလာစုံတွဲအဖြစ် သက်မှတ်ခံထားရတဲ့ Nathan Phillips နဲ့ Laura Whitfield တို့ဟာ ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲကြီးကို Durham မြို့က South Causey Inn မင်္ဂလာခန်းမကြီးမှာ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ 2012 ခုနှစ်မှာ ဆန်းဒါးလန်းကမ်းခြေတစ်ခုမှ စုံတွေ့ခဲ့ပြီး မေတ္တာမျှခဲ့ကြ ပြီး သားဦးလေးကို 2013 ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

သတို့သမီး Laura ရဲ့ အရပ်အမြင့်ဟာ 4ပေဖြစ်ပြီး သူမရဲ့ ခင်ပွန်းဖြစ်တဲ့ Nathan ကတော့ သတို့သမီးထက် ယောင်ယောင်လေး ပုပါတယ်။ သူရဲ့ အရပ်ကတော့ 3ပေ11လက်မဖြစ်ပါတယ်။ Laura ဟာ သတို့သမီးဝတ်စုံကို ခက်ခက်ခဲခဲ ရှာခဲ့ရပြီးဆိုင်ရှင်တွေရဲ့ မတန်သလိုဆက်ဆံခံရမှုနဲ့လည်း ကြုံခဲ့ရပါတယ်။

Laura က ” သတို့သမီးဝတ်စုံဆိုင်ကို ရောက်တိုင်း ကလေးတွေ အပျော်တမ်းဝတ်တဲ့ ၀တ်စုံလေးတွေကို ထုတ်ပြကြတယ် ၊ ရယ်မောကြတယ် ၊ သတို့သမီးဝတ်စုံကို စမ်းပြီးဝတ်ခွင့် မပြုတာမျိုးတွေနဲ့ ကြုံခဲ့ရပါတယ်။ သတို့သား သတို့သမီးအရံတွေအဖြစ် အစ်မဖြစ်သူ လင်မယားနှစ်ယောက်က တစ်တွဲ၊ သူငယ်ချင်းတွေ ဖြစ်သူ တို့က တစ်တွဲ ဆောင်ရွက်ပေးခဲ့ပါတယ်။ အရံတွေဟာ အချစ်သင်္ကေတကို ဖော်ကျူးတဲ့ Navy Blue ၀တ်စုံတွေကို ၀င်ဆင်ခဲ့ပါတယ်။

Laura ဟာ သတို့သမီးဝတ်စုံ ရှာဖွေတာ ရင်း နောက်ဆုံးမှာ Susan’s Bridal Shop အမည်ရတဲ့ သတို့သမီးဝတ်စုံ အရောင်းဆိုင်ကနေ မိမိကြိုက်နှစ်သက်တဲ့ ၀တ်စုံကို ပေါင် (1000) နဲ့ ရရှိခဲ့ပါတယ်။ သတို့သမီးLauraက သတိုးသား Nathanကိုလက်ထပ်ခွင့်တောင်းခဲ့တာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လကမှ ကျွန်မမှာ ကိုယ်ဝန်ရှိနေတာကို သိခဲ့ရပြီး … လက်ထပ်ပွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ … ဗြိတိန်သမိုင်းမှာ အရပ်ပုဆုံး စုံတွဲအဖြစ် မှတ်တမ်းတစ်ခု ရေးထိုးနိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူပါတယ် လို့ သူမက ပြော ခဲ့ပါတယ်။

Credit:Shwemom


18 Aug 2016     1,249 Views




RELATED

Most Popular of Special or Others

Most Popular of NEWS