BEC-TERO TV

နာမည် ပျက်စေမယ့် Air KBZ ရဲ့ ထူးခြားသော ဝန်ဆောင်မှု ကိုယ့်တွေ့ဖြစ်ရပ်တစ်ခု

18 Aug 2016     1,849 Views


ယနေ့  ၁၈.၈.၂၀၁၆ နေ့ ထွက်မယ့် ရန်ကုန်- မန္တလေး-ကလေး လေယာဉ် flight No. K7 226 နဲ့ လိုက်ဖို မင်္ဂလာဒုံ့ လေဆိပ်ကိုရောက်တော့ နေ့ လည် ၁နာရီထိုးဖို့  ၁၀မိနစ်ပါ ။ ကျွန်တော် သရဝဏ်(ပြည်) နဲ့  သူရိယအလင်း ဂျာနယ် CEO ဦးကိုလေး နှစ်ယောက်ပါ။

ကျွန်တော်တို့  E ticket ထဲမှာ လေယာဉ်ထွက်ချိန် ၁၃:၃၀ လို့ ရေးထားတာကြောင့် လေကြောင်းလိုင်းကောင်တာဟာ နာရီဝက် ကြိုပိတ်လေ့ရှိတာကြောင့် ၁ နာရီ ကောင်တာပိတ်မယ် ယူဆပြီး အပြေးတပိုင်းလာတာ ၁နာရီမထိုးခင် ၁၀မိနစ်မှာ ရောက်သွားတာပါ။

ဒါပေမယ့်ထူးထူးခြားခြားပဲ ကျွန်တော်တို့ ရောက်တော့ ကောင်တာ ပိတ်သွားပြီဆိုပြီး လက်မခံပါဘူး။ တောင်းတောင်းပန်ပန်ပြောတော့ စက်နဲ့လှမ်းမေးပြီး boarding တင်တဲ့ကားတံခါးမပိတ်ရသေးဘူး လူတဝက်ပဲတက်ရသေးလို့ မြန်မြန်သွားပါဆိုပြီး boarding pass ရယ် baggage claim ရယ်ထုတ်ပေးပါတယ်။

ကျွန်တော်တို့ လဲအမြန်သွားကြတော့ ခရီးသည်တင်တဲ့ကားပေါ်ကိုနောက်ဆုံးလူအဖြစ် အမြန်တက်လိုက်နိုင်ပါတယ်။ ကားထွက်တော့မယ်ဆိုကာမှ လေယာဉ်ကပ္ပတိန်က နောက်မှ ရောက်လာတဲ့နှစ်ယောက်ကို မခေါ်ခဲ့ နဲ့ ပြောလို့ ဆိုပြီး ကျွန်တော်နဲ့  ဦးကိုလေးကိုကားပေါ်က ဆင်းခိုင်းပါတယ်။

ကျွန်တော်တို့ ကလည်း အများနည်းတူ ကားကိုမီတာကြောင့် မဆင်းနိုင်ကြောင်း ပြောပါတယ်။ Air KBZ ground ဝန်ထမ်းတွေက တယောက်ပြီးတယောက်ရောက်လာကာ Captain ကမတင်နိုင်ဘူးပြောလို့ ကားပေါ်က ဆင်းနေခဲ့ဖို့ပဲအမျိုးမျိုးပြောပါတယ် ။

ကျွန်တော်တို့ ကလဲဘယ်သူ့ ကိုမှdelay ဖြစ်စေတာမဟုတ် ။ အများစီးမယ့်ကားကို လွတ်သွားတာလဲ မဟုတ်လို့ မဆင်းနိုင်ကြောင်းပြောတော့ ၂ဘက် တော်တော်တင်းမာကြပါတယ်။

တကယ်လို့ ကျွန်တော်တို့ နောက်ကျရောက်လာလို့  baggage ၃ခု တင်လို့ မရရင် လူကိုတော့ခေါ်သွားဖို့ ကောင်းပါတယ် ။

ကျွန်တော်တို့ ကို ကာယကံမြောက် ဆွဲမချတာက လွဲလို့  ကားပေါ်က လိမ်ညာပြီး အတင်းဆင်းခိုင်းပါတယ်။ ခနလေးဆင်းလိုက်ပါ သပ်သပ် နောက်ကား တစ်စီးနဲ့ လိုက်ပို့ မယ်တို့။ ဆင်းလိုက်ပါ ပြီးမှစကားပြောပါတို့ လုပ်ပါတယ်။

ဦးကိုလေးက စိတ်တိုလာပြီး ငါက ဂျာနယ်အယ်ဒီတာချုပ် တမူးမှာ အရေးကြီးတဲ့ ကိစ္စနဲ့သွားမှာ ဘာမှတ်နေလဲ နင်တို့ သူဌေးအောင်ကိုဝင်းနဲ့ ငါသိတယ် အခုချက်ခြင်း ကွင်းမန်နေဂျာခေါ်ပေး လေယာဉ်ကက်ပတိန်ကိုလည်း ငါကိုယ်တိုင် စကားပြောမယ် လို့ ပြောပြီး ground ကဝန်ထမ်းတွေကို ဓာတ်ပုံ လိုက်ရိုက်တော့ အကုန်လုံး ကျောခိုင်း ကုန်ကြပါတယ်။

သူတို့ ပြောတဲ့အထဲမှာ ဆိုးတာက ကျွန်တော်တို့ ကို လေယာဉ်စီးဖူးလား တစ်နာရီကြိုလာရတယ် တစ်နာရီ ကြို ပြီးကောင်တာပိတ်တယ် လို့ ပြောတာပါပဲ။ ဦးကိုလေးက တော်ဝင်ကိုထွေးရဲ့ အစ်ကို နိုင်ငံခြားကို ခနခနသွားနေတဲ့ သူဌေးပါ။

ကျွန်တော်ဆိုရင်လဲ ၁၉၉၅ ထဲက ဂိုဒ်လုပ်လာတာပါ ။ ကလေး လေယာဉ်ဆိုတာနဲ့ တောသားတွေလို မဆက်ဆံသင့်ပါဘူး။ အကြောင်းသိအောင်တော့ တိုးရစ်ဂိုဒ်ပါ လေကြောင်းလိုင်းကောင်တာဟာ နာရီဝက်အလိုမှပိတ်တာပါလို့ ပြောလိုက်တယ်။

ကျွန်တော်တို့ နှစ်ယောက်နေရာမှာ မြန်မာလူမျိုးမဟုတ်ပဲ နိုင်ငံခြားသား ၂ယောက်ဆိုရင် ခင်ဗျားတို့  ဒီလိုမောင်းချမှာလား။ သောက်ခွက်တွေကပြုံးပြီး OK Please come တို့ ဘာတို့ ဖြစ်မှာမဟုတ်လားလို့ ကျွန်တော်လဲပြောလိုက်တယ်။

နောက်တော့ ကျွန်တော်တို့ ရဲ့ မဆုတ်တမ်း ငြင်းဆန်မှုကြောင့်ရယ် ချက်ကျလက်ကျ ပြန်ပြောတတ်တာရယ် သူတို့ ကိုဓာတ်ပုံလိုက်ရိုက်တာရယ် အောင်ကိုဝင်းလဲသိတယ် ကပ္ပတိန်လဲ ဂရုမစိုက်ဘူး အပြောတွေရယ်ကြောင့် ကားကြီးရပ်ပြီး နာရီဝက်လောက် ငြင်းခုန်နေပြီးမှ ခေါ်ခဲ့ပါတော့လို့ ဘယ်သူကအမိန့် ပေးလိုက်လဲမသိဘူး ကားထွက်ပြီးလေယာဉ်ပေါ်တက်ရပါတော့တယ်။

အခြားခရီးသည်တွေကတောင် စောစောထဲက ခေါ်လိုက်ရင် ခုဆိုလေယာဉ်တောင် ထွက်ပြီးတာ ကြာလှပြီလို့ ပြောပါတယ်။ ခေါ်မယ့် အတူတ ပြသနာလုပ်နေတာ အံ့ပါတယ်တဲ့။ bording pass ရပြီးမှ ကားပေါ်ရောက်နေမှ နေခဲ့ပါဆိုတာ လွန်လွန်းတယ်လို့ ပြောကြပါတယ်။

ပြသနာကိုကျွန်နော်တို့ အပြစ်ဖို့ ပုံက ground manager အမျိုးသမီးကလေယာဉ်ပေါ်အထိ တက်လာပြီး ကျွန်တော်တို့ အော်ကြီးဟစ်ကျယ် မလုပ်ပဲ အေးအေးဆေးဆေး ပြောလဲ ရပါတယ်လို့ လာပြောပါတယ်။ နင်တို့ ကနှင်ချတာလေ ဘာလို့ အေးအေးဆေးဆေး လုပ်နေရင် ကျန်ခဲ့ပြီပေါ့ လို့ ပြောလိုက်တယ်။

အဲဒါပါပဲဗျာ။ မြန်မာပြည်မှ မြန်မာမြန်မာချင်း သိပ်ပြီး လူပါးဝပါတယ်။ ကပ္ပတိန်ရဲ့ နာမည်က Capt. မျိုးတင့်ပါတဲ့။ Fair ဖြစ်အောင်ပြောရင် ကျွန်တော်တို့ လက်မှတ်မှ လေယာဉ်ထွက်ချိန် 13:30 တဲ့ အခြားခရီးသည်တွေလက်မှတ်မှာ 13:00 တဲ့  ဘယ်နေရာမှာဘယ်သူမှားသလဲတော့မသိ။

ကျွန်တော်တို့ e ticket ကိုလဲလေယာဉ် check in ကောင်တာက ယူထားလိုက်ပါတယ်။ ဒါတွေကတော့ ကျွန်တော်ဒီနေ့ ကြုံခဲ့ရတဲ့  Air KBZ ရဲ့ အံဖွယ်ဝန်ဆောင်မှုတွေပါပဲဗျာ။ အပြန်ကျရင်တော့ အခြားလေကြောင်းနဲ့ပဲ ပြန်တော့မယ်။

Credit: https://www.facebook.com/konyi.tharawon/posts/1277513062267870


18 Aug 2016     1,849 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS