BEC-TERO TV

မင်းသား Bradley Cooper ဒါရိုက်တာလုပ်ပေးမယ့် Lady Gaga ရုပ်၇ှင်ကား

19 Aug 2016     1,395 Views


Lady Gaga ပြန်လည်ရိုက်ကူးမယ့် A Star Is Born ရုပ်ရှင်ကို Bradley Cooper က ဒါရိုက်တာအဖြစ်နဲ့ ရိုက်ကူးသွားမယ့်အကြောင်း Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ မင်းသမီးဇာတ်လည်းဖြစ်တာကြောင့် Gaga အတွက် သရုပ်ဆောင်လောကမှာ ပိုပြီးနေရာ ရဖို့ လမ်းစပါပဲ။

ဇာတ်ကားမှာအသုံးပြုဖို့အတွက် သီချင်းအသစ်တွေကိုလည်း Gaga ကရေးစပ်သီဆိုသွားဦးမှာဖြစ်ပါတယ်။ အဆိုကောင်းတဲ့ Gaga ဟာ American Horror Story : Hotel မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယခုနှစ်ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကိုလည်း ရခဲ့ပါသေး တယ်။

Bradley Cooper နဲ့အတူ ပြန်အသက်သွင်းမယ့် A Star Is Born ကိုတော့ ရှေ့နှစ်ဦးပိုင်းမှာ စတင်ရိုက်ကူးမှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

Credit:Duwun 


19 Aug 2016     1,395 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment