BEC-TERO TV

လေယာဉ်ပေါ် ဒေါ်လာ ၆၀၀၀ ကျော် ခိုးသည့် တရုတ်အမျိုးသားကို ရန်ကုန် လေဆိတ်မှာ ဖမ်းစီး

19 Aug 2016     1,546 Views


- ဟောင်ကောင် ကနေ ရန်ကုန်သို့ ပျံသန်းလာတဲ့ လေယာဉ်ပေါ်ဖြစ်ပွားခဲ့ပါတယ်

- မြန်မာ အမျိုးသား အိပ်ပျော်နေစဉ် အခိုးခံခဲ့ရကြောင်းပြောသည်

- ရန်ကုန်ရောက်တော့ လေဆိတ်က တာဝန်ရှိသူတွေ စစ်ဆေးပြီး တရုတ်အမျိုးသား တစ်ယောက်ကို ဖမ်းစီးထားပါတယ်


ဒီနေ့ သြဂုတ်လ ၁၉ ရက်နေ့ မနက် ၄ နာရီ  ဟောင်ကောင်ကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိတ်သို့  စိုက်ရောက်လာသော လေယာဉ်မှာ ပိုက်ဆံပျောက်လို့ တိုင်ကြားရာမှ ဖြစ်ပွားခဲ့ပါတယ်။

ပိုက်ဆံအခိုးခံရသူ မြန်မာနိုင်ငံသားတစ်ဦးက သူအိပ်နေစဉ် သူ့လက်စွဲအိတ်ထဲက ဒေါ်လာ ပိုက်ဆံများ အခိုးခံလိုက်ရခြင်းဖြစ်ကြောင်း ပြောပါတယ်။

ရန်ကုန်လေဆိတ်က သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်ကြားပြီး စစ်ဆေးရာ တရုတ်အမျိုးသား တစ်ဦးကို သံသယ ဖြစ်ရာကနေ ရှာကြည့်ရာမှ ပျောက်သွားတဲ့ ပိုက်ဆံတွေ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တရုတ်နိုင်ငံသားကို မင်္ဂလာဒုံမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။

Soure : burmese.dvb.no/


19 Aug 2016     1,546 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS