BEC-TERO TV

ကဗျာဘွဲ့မှူး ငွေကြေးလိမ်လည်မှုဖြင့် တိမ်းရှောင်နေရာမှ လာရောက် အဖမ်းခံခြင်း

22 Aug 2016     3,780 Views


အနုပညာ လောကသားများနှင့် ငွေကြေး အရှုပ်ရှင်း များစွာကိုမဖြေရှင်းပဲ လအတန်ကြာရှောင်တိမ်း နေသော ကဗျာဘွဲ့မှူးသည်မကြာသေးမှီရက်ပိုင်းက နေပြည်တော်ရှိ ရဲစခန်းတစ်ခု၌ လာရောက်ဖြောင့်ချက် ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

မေခလာ ကော်နီ ဆုန်သင်းပါ စင်ဒီ ဘိုဖြူ စသော အနုပညာရှင်များဆီမှ ဆီဆိုင်အတွက်အစုရှယ်ယာ ဟုဆိုကာ ငွေကြေး ကျပ်သိန်းပေါင်းများစွာကို ယူခဲ့ပြီးနောက် အကျိုးအမြတ်များကို မရှင်းလင်းခြင်း အစုရှယ်ယာများကိုလဲ အကြိမ်ကြိမ်ညှိနိုင်းကာ ပြန်တောင်းပါသော်လည်း ဇနီးမောင်နှံ ၂ယောက်စလုံးမှ အကြောင်းမျိုးစုံပြကာ ရှောင်တိမ်းနေသောကြောင့် ကဗျာဘွဲ့မှူးအား ယုံကြည်အပ်နှံမှုကို အလွဲသုံးစား လုပ်မှုဖြင့် အထက်ပါ အနုပညာရှင်များက တရားစွဲ ထားခြင်းဖြစ်ပါသည်။

သူမသည် ကချင်ပြည်နယ်ရှိ အမျိုးများထံ လအတန် ကြာပုန်းအောင်းနေခဲ့ကြောင်း အခုလာရောက်ကာ လူလုံး ထွက်လာပြသော်လည်း ဆီဆိုင်အရှုံးပေါ်သော ကြောင့် အစုရှယ်ယာများ ကိုပြန်အမ်းပေးရန်အတွက်
သူမလက်ထဲတွင် ငွေမရှိတော့သောကြောင့်တပြား တစ်ချပ်မှ ပြန်လည်ပေးနိုင်မည် မဟုတ်တော့ကြောင်း
တရားဥပဒေဖြင့် တရားစွဲထားသမျှကိုလည်းရင်ဆိုင် ဖြေရှင်း ရန်အသင့်ပါဟု ရဲများထံဖြောင့်ချက်ပေးခဲ့ပါသည်။

သူမရဲ့ခင်ပွန်းဖြစ်သူမှ လဲသတင်းစာထဲတွင်လင်မယား ၂ယောက်ကွာ ရှင်းထားကြောင်း အဆိုပါငွေကြေး အရှုပ်အရှင်းများသည် သူမနှင့်သာသက်ဆိုင်ကြောင်း အတိအလင်းကြေငြာထားပြီးဖြစ်သည်။

အကယ်၍ကဗျာဘွဲ့မှူးသည်ပြစ်မှုထင်ရှားပါက ယုံကြည်၍ အပ်နှံထားသော ငွေကြေးများအလွဲသုံးစားမှူပြုလုပ်မှု တို့ဖြင့်ထောင်ဒဏ်၃နှစ်မှ ၅နှစ်အထိပြစ်ဒါဏ်ကျခံ ရမည်ဖြစ်ပါသည်။ ။
 
https://www.facebook.com/permalink.php?story_fbid=1723534531247199&id=100007720066014

မှတ်ချက်: သတင်း အတည်မပြုနိုင်သေးပါ။ နောက်ဆုံးသိရှိသော သတင်းများကို ပြန်လည်တင်ဆက်ပေးပါမည်။

22 Aug 2016     3,780 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS