BEC-TERO TV

ကချင်လူမျိုး မိန်းကလေးအဆိုတော် စုပေါင်းထားတဲ့အခွေ

22 Aug 2016     1,874 Views


ကချင် နာမည်ကြီး အမျိုးသမီးအဆိုတော်တွေကြီးပဲ စုပေါင်း ပြီး အခွေတစ်ခွေ လုပ်မယ်ဆိုတဲ့ အကြောင်းကို ကချင် အဆိုတော် တစ်ဦးဖြစ်တဲ့ ဆူဇီက အခွေမှာ ပါဝင်မယ့် အဆိုတော်အားလုံးစုပေါင်းပြီး တိုင်ပင်ဆွေးနွေးနေကြပုံကို စနေနေ့က live လွှင့်ခဲ့ပါတယ်။

ကချင်သီချင်းခွေထဲမှာ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ကချင်သီချင်းလေးတွေကို ပြန်ဆိုမှာ ဖြစ်ကာ သီချင်းခွေထွက်ဖို့ကိုလည်း ပြင်ဆင်နေကြတုန်းလို့ သိရပါတယ်။

အဲ့ဒီသီချင်းခွေမှာ ဆူဇီ၊ ရေပက္ကာဝင်၊ L ဆိုင်းဇီတို့ အပြင် အခြားသော ကချင်လူမျိုး မိန်းကလေး အဆိုရှင်တွေ ပါဝင်မှာ ဖြစ်ပါတယ်လို့ သိရပါတယ်။

Credit:Suzi 


22 Aug 2016     1,874 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment