BEC-TERO TV

နိုင်ငံသားကတ်တွေကို Smart Card ပြောင်းမည်

23 Aug 2016     6,389 Views


-နိုင်ငံသားစစ်ရေး(မှတ်ပုံတင်)ကတ်တွေကို Smart Card ပုံစံပြောင်းလဲဖို့ရှိတယ်

-အလုပ်သမား၊ လူဝင်အမှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန ပြောကြား

-မှတ်ပုံတင်အတုတွေ ပျောက်ကွယ်သွားဖို့အတွက်ရည်ရွယ် ပြီးလုပ်ဆောင်ဖို့

"ဒါတွေက နိုင်ငံတကာမှာ E- Identity ကတ်တွေလုပ်နေတာဆိုတော့ ထည့်သွင်းစဉ်းစားနေတဲ့ အနေအထား ပဲရှိပါတယ်။ တရားဝင် လုပ်မယ်ဘာမယ်ဆုံးဖြတ်ချက်ချထားတဲ့ အနေအထား မရှိသေးပါဘူး။ လေ့လာထားမှု အရတော့ အခုတော့ ကျနော်တို့လက်ဗွေပဲသုံးတာပေါ့နော် E- Identity ကတ်ဆိုလိုရှိရင် နှစ်မျိုးဖြစ်သွားမယ် လက်ဗွေရော မျက်စိရောအချက်အလက်ကို ကျနော်တို့ ယူရင်ယူမယ် ကျန်တာတော့ ဘာမှပြောင်းလဲဖို့မရှိဘူး။

လက်ရေးနဲ့ဖြည့်တဲ့ကတ်ထက် E- Identity ကတ်ဆိုရင် အတုအပတွေနည်းသွားမယ်" မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ခံမှုအရ လူဦးရေ ၅၁ သန်းရှိပြီး နိုင်ငံသား စိစစ်ရေး(မှတ်ပုံတင်)ကတ် ကိုင်ဆောင်ထားသူ ၃၈ သန်းရှိပါတယ်။

Soure : thithtoolwin


23 Aug 2016     6,389 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS