BEC-TERO TV

ဓားမျိုချသည့် အိန္ဒိယ ရဲအရာရှိဗိုက်ထဲမှ ဓား ၄၀ ကျော်ကို ဆရာဝန်များ ခွဲထုတ်

23 Aug 2016     1,289 Views


-အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဓားတွေမျိုချတတ်သူတဦး

-ဓားအချောင်း ၄၀ ကျော်ကို ဆရာဝန်တွေက ခွဲထုတ်ဖယ်ရှားပေးခဲ့ကြ

-ဓားတွေကို မျိုချရတဲ့ ရဲအရာရှိဆင်းဟာ ယာဉ်မတော်တဆမှုတခုဖြစ်ပြီး ဓားမျိုချတဲ့ အကျင့်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်

-စားချင်သောက်ချင်တဲ့စိတ် သိပ်မရှိလို့ ဆေးရုံကို လာပြတဲ့အချိန်မှာ ဆရာဝန်တွေက သူ့ကို Scan ဖတ် စစ်ဆေးခဲ့ကြပါတယ်

ခွဲစိတ်ဆရာဝန် ၅ ယောက်က ၅ နာရီကြာအောင် ဓားအချောင်းရေ ၄၀ ကို ခွဲထုတ်ခဲ့ကြပြီး တချောင်းမှ မကျန်အောင်လည်း သေချာပြန်စစ်ဆေးခဲ့ရ တယ်လို့လည်း ပြောဆိုပါတယ်။ ဆင်းဟာ ယာဉ်မတော်တဆမှုတခုအပြီး လမ်းတောင် သေချာမလျှောက်နိုင်တော့ပဲ တမှိုင်မှိုင်၊ တထိုင်ထိုင်ဖြစ်ခဲ့တာကနေ နည်းနည်းတော့ နာကျင်ပေမယ့် ဒါးတွေကို မျိုချတဲ့အကျင့်ဖြစ်လာတာလို့ပြောဆိုပါတယ်။ အခုတော့ ခွဲစိတ်မှုအောင်မြင်ပြီး သူ့အခြေအနေကောင်းမွန်နေတယ်လို့ ဆရာဝန်တွေက ပြောဆိုပါတယ်။

Soure : burmese.dvb.no/


23 Aug 2016     1,289 Views




RELATED

Most Popular of Special or Others

Most Popular of NEWS