BEC-TERO TV

မိစန္ဒီရဲ့ သီချင်းသစ်

24 Aug 2016     1,266 Views


ခေါင်းအုံးလေးလို့ နာမည်ပေးထားတဲ့ မိစန္ဒီ ရဲ့ ကိုယ်တိုင်ရေး ကိုယ်ပိုင်ခံစားချက် သီချင်းသစ်ကို 29 ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ ထွက်ရှိတဲ့ နေ့ ၂၉ ရက်နေ့မှာ မှာ Myanmar Music Store မှာ ၀ယ်ယူ နားထောင်နိုင်မှာလဲ ဖြစ်ပါတယ်။

Music Video ကိုလဲ မိစန္ဒီ ရဲ့ Official Facebook Page နဲ့ Youtube မှာ မခမဲ့ Free ကြည့်ရှုနိုင်မှာလဲ ဖြစ်ပါတယ်လို့ သိရပါတယ်။ "ခေါင်းအုံးလေး" သီချင်းက Version နှစ်ခုထွက်မှာဖြစ်ပြီး ဒီသီချင်းတစ်ပုဒ်ထဲကိုပဲ Acoustic Version နဲ့ Summer House Version ဖြစ်ပြီး music video ကလည်း နှစ်ပုဒ်ထွက်မှာပါ ။

သီချင်းနှစ်ပုဒ်နားထောင်ရမယ်.music video နှစ်ပုဒ်ကြည့်ရမှုာဖြစ်ပြီး ၂၉ရက်နေ့ထွက်မှာက Acoustic version နဲ့ သူ့ရဲ့ Music Video ထွက်မှာ ဖြစ်ပါတယ်။ Summer House version နဲ့ သူရဲ့ music video ကိုတော့ မကြာမီ ဆက်ထွက်အုံးမှာ ဖြစ်ပါတယ်။ “ပရိတ်သတ်ကြီး သဘောကျ အားပေးမယ်လို့ မျှော်လင့်မိပါတယ်ရှင့် “ လို့လဲ ပြောထားပါသေးတယ်။

Credit:MiSandi Fb


24 Aug 2016     1,266 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment