အမျိုးသမီး၈ဦး ရေကူးကန်ထဲမှာ တင်ပါးကိုဘရိတ်ဓားနဲ့လှီးခံလိုက်ရ
24 Aug 2016 2,392 Views

ဂျပန်နိုင်ငံရဲ့ အထင်ကရ ရေကူးကန်ကြီးတစ်ခုဖြစ်တဲ့ Summerland Water Park ရေကူးကန်ကြီးထဲမှာ လူအများ ရေကူးနေစဉ် အမျိုးသမီး(၈)ရှစ်ဦးရဲ့တင်ပါးကို လူတစ်ဦးက ဓားနဲ့လှီးခဲ့ပါတာဖြစ်ပါတယ်။ လူအများအပြားရေကူးနေတဲ့ ကြား ထဲမှာ ရေကူးနေတဲ့ အမျိုးသမီး ၈ ကို အမှတ်တမဲ့ တင်ပါးကို ဘလိတ်ဓားနဲ့ ခြစ်ခဲ့တာ ဖြစ်ပါတယ်။

တင်းပါးမှာ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးတွေဟာ အသက် (19)နှစ်နဲ့ (23)နှစ်ကြား အမျိုးသမီးတွေဖြစ်ပါတယ် ။ ဒီအပြုအမူကြောင့် ကာယကံရှင်အမျိုးသမီးတွေမှာ အသေးစားဒဏ်ရာတွေ ရခဲ့လို့ ဆေးရုံကို ပို့ပေးထားရပါတယ်။ Summerland Water Park ရေကူးကန်ကြီးဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ရေကူးကန်ထဲက တစ်ခုဖြစ်ပြီး တိုကျိုမြို့မှာ တည်ရှိပါတယ်။ အထူးသဖြင့် အားလပ်ရပ်တွေမှာ လူ အလွန်စည်ကားတဲ့ ရေကစားဥယျာဉ်တခုလဲဖြစ်ပါတယ်။
တရားခံကို မသိသေးပေမယ့် အမြန်ဆုံးဖမ်းဆီးနိုင်အောင် ရေကူးကန် ၀န်းကျင်မှာ တပ်ဆင်ထားတဲ့ CCTV တွေကု ပြန်လည် စစ်ဆေးနေပါတယ်။

Credit:Shwemom







