ဘန်ကောက်လမ်းမပေါ်က သွေးစွန်းသော တရားမ၀င် လက်ဝှေ့ပွဲများ
24 Aug 2016 1,681 Views
-ဘန်ကောက်မြို့ရဲ့လမ်းမပေါ်က တရားမ၀င်လက်ဝှေ့ပွဲတွေ ရန်ပွဲတွေ အင်တာနက်ပေါ်မှာလူသိများ
-အပျော်တမ်းလက်ဝှေ့သမားတွေ အချင်းချင်းစိန်ခေါ် ထိုးသတ်တာတွေ လမ်းပေါ်က လူပရိတ်တွေကြည့်ရှုသူများပြား
-ရုပ်သံဖိုင်ကို ယူကျူပေါ်မှာ ထိုင်း တိုက်ခိုက်ရေ ကလပ်က စုစည်းပြီး တင်ထားတာ ဖြစ်ပါတယ်
တိုက်ခိုက်ရေးသမားတွေက အကာအကွယ်ယူတဲ့ လက်အိတ်တွေ၊ အံတုတွေအနည်းငယ်ကို တပ်ဆင်ပြီး ဒေါ်လာသန်းချီ ထိုးသတ်တဲ့ အမေရိကန်နိုင်ငံက ယူအက်ဖ်စီပွဲတွေလို ထိုးသတ်ကြတာ ဖြစ်ပါတယ်။ ယူကျူပေါ်ကို တင်လိုက်တဲ့အချိန်မှာ အများအပြား ကြည့်ရှုခဲ့တဲ့အတွက် ဒီအားကစားဟာ လူသိများထင်ရှားလာပါတယ်။
ဘန်ကောက်ရဲတပ်ဖွဲ့ကတော့ ဒီလို တရားမ၀င် တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့သူတွေကို ဖမ်းဆီး အပြစ်ပေးသွားမယ်လို့ ကြေညာပါတယ်။လမ်းဘေး စိန်ခေါ်ပွဲတွေကို စီစဉ်ကျင်းပရင် ထိုင်းဥပဒေအရ ထောင်ဒဏ် ၁ နှစ်နဲ့ ဘတ်ငွေ ၂ သောင်း ဒဏ်တပ်နိုင်မှာ ဖြစ်ပါတယ်။
Soure : burmese.dvb.no/








