BEC-TERO TV

စင်္ကာပူတွင် ဓားခုတ်ခံရတဲ့ ချင်းတိုင်းရင်းသူ သူနာပြု

25 Aug 2016     1,364 Views


၂၀ ရက်နေ့က Bukit Merah အရပ်ရှိ Kim Tian Green အဆောက်အအုံရဲ့  rooftop garden မှာ ည ၁၀ : ၃၀ မိနစ်ခန့်က ဖြစ်ပွားသွားခဲ့တာဖြစ်ပါတယ် ။

စင်္ကာပူနိုင်ငံ Singapore General Hospital (SGH) ဆေးရုံးတွင် အလုပ်လုပ်နေသော ချင်းတိုင်းရင်းသူ သူနာပြုတစ်ယောက်ဖြစ်ပြီး SGH ဆေးရုံမှာအလုပ်လုပ်ကြတဲ့ဝန်ထမ်းတွေဟာ အဲဒီနေရာကို ဖြတ်လမ်းတစ်ခုအဖြစ်အသုံးပြုကြပြီး ညအချိန်မှာတော့ မီးရောင်မှိန်မှိန်ပြပြသာရှိနေတတ်ပြီး လုယက်သူက အဲဒါကို အခွင့်ကောင်းယူသွားခဲ့တာလို့ လဲဖော်ပြထားကြပါတယ်။  

ဓါတ်လှေကားထဲတွင် အတူစီးလာသော မလေးလူမျိုးတစ်ဦးက လုယက်ဖို့ ကြိုးစားရင်း ၄ လွှာ အရောက်တွင် ဓါတ်လှေကားရပ်ပြီး တံခါးပွင့်သွားချိန် ပတ်ဝန်းကျင်းထံ အကူအညီ တောင်းခံခွင့်ရခဲ့လို့ အသက်မသေပဲ လက်မှာ ဓားရှဒဏ်ရာသာရခဲ့ပြီး အသက်ရှင်သန်ခွင့်ရခဲ့ပါတယ် ။

လုယက်မှုနှင့် ပတ်သက်ပြီး အသက် ၃၇ နှစ်အရွယ် မလေးလူမျိုးတစ်ဦးကို ဖမ်းဆီးထားတယ်လို့လဲ သိရပါတယ်။ ၂၄ ရက်နေ့သတင်းအရ ဓါးခုတ်ခံထားရတဲ့ သူနာပြု ဆရာမလေး ဟာ ဒဏ်ရာ သက်သာနေပြီ ဖြစ်တယ်လို့လဲ သိရပါတယ်။

ပြည်ပနိုင်ငံတွေမှာသာ မက ဘယ်နေရာမှာဖြစ်ဖြစ် သူစိမ်းတစ်ယောက်နှင့် ဓာတ်လှေကားအတူစီးတဲ့အခါ အထူးသတိထားကြဖို့ လိုအပ်လှပါတယ်။

Credit: may news 


25 Aug 2016     1,364 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS