ဖျော်ဖြေပွဲတွေ နားထားတဲ့ Bobby Soxer
26 Aug 2016 1,483 Views

Hiphop မိန်ကလေး အဆိုတော် Bobby Soxer ဟာ လတ်တလောမိုးတွင်း ကာလလဲ ဖြစ်တာကြောင့် ဖျော်ဖြေပွဲတွေကို ရပ်နားပြီး သီချင်းတွေပဲ ရေးနေပါတယ်လို့ ပြောထားပါတယ်။ ရှိုးပွဲကြီးတွေကိုတော့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး နားထားပေမယ့် ပွဲအသေးလေးတွေကိုတော့ ဆိုဖြစ်နေပါတယ် ။
သီတင်းကျွတ်လောက်မှာ ရှိုးပွဲကြီးတွေကိုတော့ ပြန်ဆိုမှာ လဲ ဖြစ်ပါတယ်။ စီဒီ ထွက်ပြီး ဒီဗီဒီ မထွက်ခင်မှာ တစ်နှစ် လောက်ဟသွားတဲ့ တလ တစ်ခါ ရှိုးပွဲလုပ်လိုက်ရင် ပရိတ်သတ်တွေ သီချင်းတွေကို ရိုးသွားမှာလဲ စိုးရိမ်ပါတယ်လို့ ပြောထားပါတယ်။

21 Album MTV ရိုက်ကူးဖို့ သုံးပုဒ် လောက်ကျန်သေးတာကြောင့် သေချာ အချိန်ယူ ရိုက်ကူးနေ ပါတယ်လို့ ပြောထားပါတယ်။ ကျန်နေတဲ့ 3ပုဒ် ဟာ စီးရီးထဲမှာ ပေါက်ခဲ့တဲ့ သီချင်းတွေ ဖြစ်လို့ Story ခိုင်ခိုင်မာမာ နဲ့ ရိုက်ကူးဖို့ လဲ စီစဉ်ထားပါတယ် ။ သီချင်းသတ်သတ် မထွက် ဖြစ်ပေမယ့် အတွဲ အခွေတွေ မှာ ပါမယ့် သီချင်း သစ်တွေ တော့ ရှိပါတယ် ။
အွန်လိုင်းကနေ တစ်ပုဒ်ခြင်း ရောင်းဖို့ အစီစဉ်မရှိသေးပါဘူးလို့ ပြော ထားပါတယ်။ သီချင်းသစ်တွေလဲ ကြိုးစားပြီး ရေးနေပါတယ် သိရပါတယ်။

Credit:popular





