BEC-TERO TV

ပြင်းအား ၇ အဆင့်ရှိ ငလျင် မြန်မာတွင် ထပ်လှုပ်နိုင်ဟု ထိုင်းပညာရှင်များ သတိပေး

26 Aug 2016     1,957 Views


-ရစ်ခ်ျစတာစကေး အနည်းဆုံးပြင်အား ၇.၀ အဆင့်ရှိငလျင် မြန်မာနိုင်ငံမှာထပ်လှုပ်နိုင်သေး

-ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ ဘန်ကောက်ကိုပါ ရိုက်ခတ်နိုင်တယ်

- ထိုင်းဘူမိဗေဒ ပညာရှင်တွေက သတိပေးထားပါတယ်

- သတိပေးချက်ကို ထိုင်းဘန်ကောက်ပိုစ့် သတင်းက ဖော်ပြပါတယ်

သတ္တုရင်းမြစ်ဌာနက ဘူမိဗေဒ ပညာရှင် ဆူဝစ်ကိုဆုဝမ်က နောက်ထပ်လှုပ်မယ့် ငလျင်က ဘန်ကောက်၊ မြောက်ပိုင်းခရိုင် ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ တပ်ခရိုင်တွေကို ရိုက်ခတ် နိုင်တယ်လို့ ပြောပါတယ်။ မြေငလျင်မလှုပ်ခတ်ခင်က အကြို လှုပ်ခတ်မှုတွေ ရှိခဲ့ပေမယ့် ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်း နောက်ဆက်တွဲ ထပ်လှုပ်တာကို မတွေ့ရတာဟာ ထူးဆန်းနေတယ်လို့လည်း ဆိုပါတယ်။ ထိုင်းမြောက်ပိုင်းက ငလျင်အခြေအနေကို တာဝန်ရှိသူတွေက စောင့်ကြည့်နေတယ်လို့ သတ္တု ရင်းမြစ် ညွှန်ကြားရေးမှူးက ပြောပါတယ်။

Soure : burmese.dvb.no/


26 Aug 2016     1,957 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS