တစ်ရက်စာဝင်ငွေ ကို ရေဘေးသင့်ပြည်သူများအား လှူမယ့် ဟောလီးဝုဒ်တွင် ပြသမည့် ‘မေထုန်ရာသီဖွား’
26 Aug 2016 1,641 Views

စက်တင်ဘာ ၉ ရက်နေ့ တွင် ဟောလိဝုဒ်၌ ပထမဆုံး အကြိမ် ရုံတင်ပြသတော့မည့် ”မေထုန်ရာသီဖွား” ဇာတ်ကား ၏ တစ်ရက်စာဝင်ငွေအားလုံး ကို မြန်မာနိုင်ငံရေဘေး သင့် ပြည်သူများသို့ လှူဒါန်းမည်ဖြစ် ကြောင်း သိရသည်။ ဒါရိုက်တာ ညိုမင်းလွင်က ပြသတဲ့ အချိန်မှာ မရှိပေမယ့် ဥက္ကာမင်း မောင် တော့ ရှိမှာ ဇြစ်ပါတယ်။
သွားလှူတဲ့အ ခါကျရင်တော့ ကျွန်တော်တို့ ကိုယ်တိုင်သွားမှာပါလို့ ပြောထားပါတယ်။ “ ပြည်ပ က မြန်မာ့ ရုပ်ရှင်ပရိသတ်များလဲ အခုလို ရေဘေးသင့်နေရာတွေကို လှူဒါန်း တဲ့အတွက် အ မှတ်တရအဖြစ်ရှိနေမယ်လို့ ယုံကြည်တယ်”လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောကြားခဲ့ပါ တယ် ။

ဇာတ်ကားကို လာ မည့် စက်တင်ဘာ ၉ ရက်နေ့ တွင် New York နှင့်LA မြို့ များ၌ စတင် ရုံတင်ပြသမှာ ဖြစ်ပြီး ပူးပေါင်းဖန်တီးခဲ့ကြတဲ့ အနု ပညာရှင်များ အားလုံးအပြင်း ထန်ဆုံး ဝေဖန်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရတဲ့ ဇာတ်ကားလဲ ဖြစ် ခဲ့ ပါ တယ်။
ဇာတ်ကားတွင် သရုပ် ဆောင် ဥက္ကာမင်းမောင်၊ ငြိမ်း ချမ်းကျော်၊ အေးမြတ်သူတို့က အဓိက ပါဝင်သရုပ်ဆောင် ထားပြီး ”မေထုန်ရာသီဖွား”ဇာတ် ကားသည် ဒါရိုက်တာညိုမင်း လွင်၏ပထမဆုံး ရုံတင်ဇာတ် ကားဖြစ်ပြီးပြည်ပ Distributor ဖြင့်ဟောလိဝုဒ်တွင်ပထမဆုံး ဖြန့်ချိတာလဲ ဖြစ်ပါတယ်။

Credit:popular





