ဒေါ်လာ ၂ ဒသမ ၈ သန်းတန်ဖိုးရှိသော ကမ္ဘာ့ပထမဆုံး တိုင်တေနီယမ်ကိုယ်ထည်နှင့် မော်တော်ကား
29 Aug 2016 1,634 Views

-Icona Vulcano မော်တော်ကားသည် ကမ္ဘာပထမဆုံး တိုင်တေးနီယမ်ကိုယ်ဖြင့်ထုတ်လုပ်
-မော်ကား တန်ဖိုးမှာ ဒေါ်လာ ၂ ဒသမ ၈ သန်းဖြင့်ရောင်းချသွားမည်
-၆ ဒသမ ၂ လီတာ V-8 အင်ဂျင်တပ်ဆင်ထားပါတယ်
-၂ ဒသမ ၈ စက္ကန့် အတွင်း တစ်နာရီမိုင် ၆၀ နှုန်းအထိသွားနိုင်ပြီး အမြင့်ဆုံးအမြန်နှုန်း တစ်နာရီမိုင် ၂၂၀
.jpg)
ဒီဇိုင်းဒါရိုက်တာ ဆမ်မျူရယ်က “စွမ်းအင်နဲ့လှပမှုကြား မျှတစေဖို့ ထိန်းကွပ်လုပ်ဆောင်ခဲ့ရပါတယ်။ တစ်ဖက်မှာ အရမ်းလှပအောင် ဖန်တီးမိတဲ့ အခါ စွမ်းအင်ပိုင်းမှာ အားလျော့သွားပါတယ်။ စွမ်းအင်ပိုင်းကို အာရုံစိုက်လိုက်ရင်လည်း အလှအပပိုင်းဆိုင်ရာ ဖန်တီးမှုမှာ အားနည်းသွားပါတယ်။ ဒီနှစ်ခုကြားမှာမျှတအောင်ဖန်တီးနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်”ဟု ဆိုခဲ့သည်။
![]()
ကား၏တိုင်တေးနီယမ်ကိုယ်ထည်ကို CECOMP ကုမ္ပဏီက နာရီပေါင်း ၁၀၀၀၀ ကျော် အချိန်အတွင်း လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပြီး Formula One ကားများတွင် အများဆုံးအသုံးပြု လေ့ရှိသော ကာဗွန်ဖိုင်ဘာများကိုလည်း ကိုယ်ထည်တည်ဆောက်ရာတွင် ထည့်သွင်းအသုံးပြုခဲ့သည်။ Ferrari နှင့် ကမ္ဘာကျော် ကားပေါင်းများစွာကို ဖန်တီးခဲ့သည့် Claudio Lombardi က တိုင်တေးနီယမ်ကိုယ်ထည်နှင့် ကားထုတ်လုပ်ရန်ပရောဂျက်ကို ဦးဆောင်ခဲ့ပြီး စက် တင်ဘာလ ၁ ရက်မှ ၃ ရက်အထိ Blenheim Palace တွင် ကျင်းပမည့် 2016 Salon Prive Concoursd' Elegance ပြပွဲ၌ ပြသသွားမည်ဖြစ်သည် ဟု သိရသည်။
![]()
Soure : Pyi Myanmar







