BEC-TERO TV

မထသကို စက်တင်ဘာ ၁၅ ရက်တွင် ဖျက်သိမ်းမည်

29 Aug 2016     1,270 Views


- မော်တော်ယာဉ်လိုင်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ)အဖွဲ့အစည်းကို စက် တင်ဘာ ၁၅ ရက်မှ စတင်ဖျက် သိမ်းမည်

-သယ်ယူပို့ဆောင်ရေးလုပ်ငန်း များအားလုံးကို ရန်ကုန်တိုင်းဒေ သကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)က လွှဲပြောင်းစီမံခန့်ခွဲ တော့မည်

-YRTA အောက် ရောက်တာနဲ့ ဘတ်စ်ကားတွေ စည်းကမ်းချိုးဖောက်မှုကို ပိုပြီး ထိထိရောက်ရောက်အရေးယူ သွားမှာဖြစ်တယ် ဟု ဒုရဲမှူးကြီး က မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောသည်

-ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် ခရီးသည်တင်ယာဉ် လိုင်း အများပိုင်ကုမ္ပဏီများ လျှောက်ထားခြင်းများပြုလုပ်နေ ပြီး သြဂုတ်လကုန်အထိသာ ခွင့် ပြုမည်

လက်ရှိတွင် မထသက ခရီး သည်တင်ယာဉ်များ စီမံအုပ်ချုပ် မှုကို လုပ်ဆောင်နေသော်လည်း နောက်ပိုင်း အများပိုင်ကုမ္ပဏီ ယာဉ်လိုင်းများ ဖွဲ့စည်းပြေးဆွဲမှု (YRTA)က ကြီးကြပ်မည်ဖြစ်ပြီး ယာဉ်စည်းကမ်းချိုးဖောက်ခြင်း များအပါအဝင် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါက ယာဉ်လိုင်းအ ဖြစ်မှ ချက်ချင်းဖယ်ရှားမည်ဖြစ် ကြောင်း ဒေါက်တာမောင်အောင် က ပြောသည်။‘‘လက်ရှိ မထသအဖွဲ့အ စည်းမှာရှိတဲ့ ဝန်ထမ်းတွေက နောင်တစ်ချိန် YRTA အဖွဲ့ရဲ့ ဌာနတွေ အသီးသီးမှာ ပါဝင်သွားကြ မယ်။

လက်ရှိအချိန်မှာ ပြေးဆွဲနေ တဲ့ ခရီးသည်တင်ယာဉ်တွေကို မထသ(ဗဟို)က ထိန်းသိမ်း ဆောင်ရွက်နေတယ်။ အများပိုင် ကုမ္ပဏီများ စနစ်တကျဖွဲ့စည်းပြီး ပြေးဆွဲနိုင်တဲ့အခါ မထသအဖွဲ့အ စည်းတာဝန်တွေကို YRTA ကလွှဲပြောင်းတာဝန်ယူသွားမှာဖြစ် တယ်ဆိုပြီး ဝန်ကြီးချုပ်ကလည်း ပြောထားပါတယ်’’ဟု မထသ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

Soure : 7daydaily


29 Aug 2016     1,270 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS